ရော်နယ်ဒိုရဲ့အနားမှာ တချိန်လုံးရှိနေပြီး ပါရမီဖြည့်ဖက် တစ်ယောက်အဖြစ် ရပ်တည်ပေးနေတဲ့ ဂျော်ဂျီနာ ကတော့ မနေ့ညက ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ Hat-Trick သွင်းဂိုးကြောင့် မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အမေရိကန်အမျိုးသမီးနဲ့ အဓမ္မမှု ဖြစ်ပွားချိန်မှာ ရော်နယ်ဒိုနဲ့ လမ်းမခွဲတဲ့အပြင် အနားကနေ အားပေးနေခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုခံခဲ့ရတဲ့ ဂျော်ဂျီနာ ဟာ ရော်နယ်ဒိုရဲ့ အောင်မြင်မှုအပေါ် စိတ်လှုပ်ရှားနေခဲ့ပြီး သူမငိုနေခဲ့တာကို ရုပ်သံကင်မရာတွေက ရိုက်ကူးနိုင်ခဲ့ပါတယ်။

RMC

ဂျော်ဂျီနာ လိုပဲ ရော်နယ်ဒိုရဲ့ သားတော်မောင် ဂျူနီယာ ကလည်း ဖခင်ဖြစ်သူရဲ့ သွင်းဂိုးတွေကြောင့် ပျော်ရွှင်နေခဲ့ပြီး လက်သီးလက်မောင်းတန်းကာ အောင်ပွဲခံနေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန်တစ်လျှောက်လုံး ဂျော်ဂျီနာ တစ်ယောက် စိတ်လှုပ်ရှားနေခဲ့ပုံတွေကို ရုပ်သံကင်မရာတွေက မကြာခဏ ရိုက်ပြနေခဲ့ကြပြီး ရော်နယ်ဒို ပင်နယ်တီကန်ရမယ့်အချိန်မှာ ဂျော်ဂျီနာတစ်ယောက် မကြည့်ရဲခဲ့တာကလည်း ပရိသတ်တွေအတွက် သဘောကျစရာဖြစ်ခဲ့တာပါ။

ဆိုရှယ်မီဒီယာပေါ်မှာတော့ ရော်နယ်ဒိုဟာ ပြီးပြည့်စုံတဲ့ မိသားစုတစ်ခု၊ ပြီးပြည့်စုံတဲ့အသင်းတစ်သင်းနဲ့အတူ ပြီးပြည့်စုံတဲ့အောင်ပွဲတစ်ပွဲ ရရှိခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ရေးသားနေကြပါတယ်။

AFP

Linn

Source : Dailymail

READ  ဘရာဇီးပြန်ပြီး Rio Carnival ပွဲမှာ ကောင်မလေးတွေနဲ့ ခြေရှုပ်နေခဲ့တဲ့နေမာ