မနေ့ညက ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ အက်သလက်တီကို အသင်းတို့ရဲ့ ပွဲစဉ်မှာ ပရိသတ်တွေဟာ ဂျူဗင်နည်းပြ အယ်လီဂရီရဲ့ ဘောလုံးစကေးပြသမှုကို မြင်တွေ့ခဲ့ရပါတယ်။ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး အယ်လီဂရီဟာ သူ့ရဲ့စွမ်းရည်တွေ ကျန်နေသေးတယ်ဆိုတာ ပြသလိုက်သလိုပါပဲ။

အသက် (၅၁)နှစ်အရွယ် နည်းပြ က နည်းစနစ်ဧရိယာထဲမှာ ရပ်ပြီး ညွှန်ကြားနေတုန်း အက်သလက်တီကို နောက်တန်းကနေ ဖျက်ထုတ်လိုက်တဲ့ဘောလုံးက သူ့ဆီ တည့်တည့်ရောက်လာခဲ့တယ်။

AFP

အဝေးကနေ ရောက်လာတဲ့ဘောလုံးမို့ အရှိန်လည်းပြင်းသလို အားလည်း ပါ ပါတယ်။

ဒါပေမယ့် အယ်လီဂရီကတော့ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်ထားရင်း ဘောလုံးကို ထိန်းပြလိုက်တယ်။ ညာဖက်ခြေထောက်နဲ့ ဖမ်းပြီး ထိန်းလိုက်တဲ့ဘောလုံးဟာ လက်ပစ်ဘောမြှောက်ဖို့ ပြေးလာတဲ့ ဂျူဗင်တပ်စ်ကစားသမားဆီ တန်းတန်းမတ်မတ် ရောက်သွားခဲ့ပြီး ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

AFP

ပွဲပြီးသွားတဲ့အချိန်မှာတော့ ဒီ ဗီဒီယိုဖိုင်လေးက တွစ်တာပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး နည်းပြ အယ်လီဂရီရဲ့ စကေးတွေ မကုန်သေးဘူးလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြတယ်။

(၁၉၈၄)ခုနှစ်ကတည်းကစလို့ (၂၀၀၃)ခုနှစ်အထိ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက်အဖြစ် ပွဲပေါင်း (၃၇၄)ပွဲ ကစားခဲ့ပြီး သွင်းဂိုး (၅၆) ဂိုး သွင်းယူပေးခဲ့သူပါ။

Linn

Source : TheSun

READ  သွေးပူလေ့ကျင့်ခန်းလုပ်နေတုန်း ခေါင်းကိုဘောလုံးနဲ့အကန်ခံခဲ့ရတဲ့ ဒိုင်ဘာလာ