ဘိုင်ယန်အသင်းကို လီဗာပူးလ်က (၁-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အတွက် အဓိက ကျခဲ့သူက တိုက်စစ်မှူး မာနေး ပါ။ သူက အဲဒီပွဲမှာ သွင်းဂိုး (၂) ဂိုးသွင်းယူပေးခဲ့ပြီး အကောင်းဆုံးဆိုတာကို ပြသသွားခဲ့တယ်။

ဒါဟာ ပထမအကျော့ပွဲစဉ်တုန်းက ဝေဖန်ခံခဲ့ရမှုတွေကို ပြန်လည်ချေဖျက်ပြလိုက်တာပါပဲ။ ပထမအကျော့ပွဲစဉ်တုန်းက မာနေးဟာ သူရခဲ့တဲ့အခွင့်အရေးတွေအားလုံးကို ဖြုန်းတီးပစ်ခဲ့ပြီး ပရိသတ်တွေကို စိတ်ပျက်စေခဲ့သူပါ။ ဒီပွဲမှာတော့ သူက ပုံစံအသစ်နဲ့ ပြန်လာနိုင်ခဲ့တယ်။

PA

အထူးသဖြင့် သူသွင်းယူခဲ့တဲ့ ပထမသွင်းဂိုးက တော်တော်လေး လှပြီး ဂိုးသမားနူအာ တက်လာတဲ့ကြား၊ နောက်ခံလူ (၂) ဦး ရှိနေတဲ့ကြားက သွင်းယူပေးခဲ့တာဖြစ်လို့ ပရိသတ်တွေက အဲဒီဂိုးကို ချီးကျူးခဲ့ကြပါတယ်။

ခံစစ်ကနေ ဗန်ဒိုက် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို မာနေး က ဘိုင်ယန်နောက်ခံလူ တစ်ဦးနဲ့  ယှဉ်ပြေးပြီး ရယူခဲ့တာပါ။ အဲဒီအချိန်မှာပဲ ဂိုးသမား နူအာ က မာနေးကို တားဆီးဖို့ အရှေ့တက်လာခဲ့ပြီး မာနေးက သူ့ကို လှည့်စားကာ ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲ ကန်သွင်းသွားခဲ့တာပါ။

လီဗာပူးလ်ရဲ့ အဓိက တိုက်စစ်မှူး ဆာလက် တစ်ယောက် ဂိုးရဖို့ ရုန်းကန်နေရချိန်မှာ အခြားတိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ မာနေး၊ ဖာမီနို တို့ ဂိုးမြူးနေတာက လီဗာပူးလ်အတွက် ကံကောင်းနေတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေခဲ့ပြီး မာနေးရဲ့ အဲဒီပွဲက ခြေစွမ်းကိုတော့ ချီးကျူးခဲ့ကြပါတယ်။

Linn

Source : Twitter

READ  ရီးယဲလ်အသင်းကို အချိန်ပို သွင်းဂိုးတွေနဲ့အနိုင်ယူပြီး ဥရောပစူပါဖလား ချန်ပီယံဖြစ်သွားခဲ့တဲ့ အက်သလက်