မနေ့ညက ကစားခဲ့ကြတဲ့ ချန်ပီယံရှစ် (Play Off) ပွဲစဉ် ဒုတိယအကျော့မှာ ဒါဘီအသင်းက လိဒ်အသင်းကို (၂-၄) ဂိုးနဲ့ နိုင်ပြီး Play Off ဗိုလ်လုပွဲကို ဒါဘီအသင်း တက်ရောက်သွားနိုင်ခဲ့တာပါ။

ပထမအကျော့တုန်းက (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲစဉ်မှာ ဒါဘီအသင်း အခက်တွေ့လိမ့်မယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် လမ်းပတ်ရဲ့အသင်းဟာ မထင်မှတ်တာတွေကို လုပ်ပြသွားနိုင်ခဲ့ပါတယ်။

Twitter

အထူးသဖြင့် ဒါဘီအသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ မေဆွန်မောင့်တ်နဲ့ ၀ီလ်ဆင် တို့နှစ်ယောက်က အသင်းအတွက် အထူးခြေစွမ်းပြခဲ့ကြပြီး ချယ်လ်ဆီးအသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ မေဆွန်မောင့်တ်ရဲ့ သွင်းဂိုးက  ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။

ဒုတိယပိုင်းပွဲအစ (၄၆)မိနစ်မှာ ရရှိခဲ့တဲ့ အဲဒီ သွင်းဂိုးက မေဆွန်မောင့်တ်ရဲ့ ပါးနပ်မှုကြောင့် ရရှိခဲ့တာဖြစ်ပြီး အသက် (၂၀)အရွယ် လူငယ်ကစားသမားလေးဟာ ဂိုးဧရိယာထဲမှာ ဟန်ချက်ပျက်နေတဲ့အချိန်မှာ ရရှိတဲ့ အခွင့်အရေးကိုအကောင်းဆုံးအသုံးချသွားခဲ့တာဖြစ်ပါတယ်။

AFP

သူ့ရဲ့ကန်ချက်ကအရှေ့ကို အနည်းငယ်ရောက်နေတဲ့ လိဒ်အသင်းဂိုးသမား ကာဆီလာ ကို ဘာမှ မတတ်နိုင်စေခဲ့ပဲ ဂိုးအဖြစ် ပြောင်းလဲသွားခဲ့တာပါ။

အဲဒီဂိုးကြောင့်ပဲ ဒါဘီအသင်း အသက်ရှူချောင်သွားခဲ့တာဖြစ်ပြီး လိဒ်ယူနိုက်တက်ကတော့ချေပဂိုး သွင်းဖို့ကြိုးစားရင်း အမှားတွေ ဆက်တိုက်ကျူးလွန်မိခဲ့လို့ ပွဲအပြီးမှာ ရှုံးနိမ့်သွားခဲ့ရတာပါ။

တွစ်တာပေါ်မှာတော့ ပရိသတ်တွေက မေဆွန်မောင့်တ်ရဲ့သွင်းဂိုးဟာ လှပတဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ပြီး ဒါဘီအသင်းကို ပရီးမီးယားလိဂ်မြေဆီရောက်အောင် တွန်းပို့ပေးလိုက်တဲ့ဂိုးလည်းဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

Linn

Source : Twitter

 

READ  Black Panther မျက်နှာဖုံးနဲ့ အကြမ်းစားအောင်ပွဲခံခဲ့တဲ့ အူဘာမီယန်း