မက်ဆီဟာ မနေ့ညက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ လိုင်ယွန်အသင်းတို့ ပွဲစဉ်မှာ ထုံးစံအတိုင်း ဘာစီလိုနာအတွက် သူရဲကောင်းဖြစ်ခဲ့ပြန်တာပါ။ သူက အဲဒီပွဲစဉ်မှာ အသင်းအတွက် (၂)ဂိုးသွင်းပြီး (၂) ဂိုးဖန်တီးပေးခဲ့တယ်။

ဒီတော့ (၅-၁)နဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ သူ့ရဲ့ပါဝင်ပတ်သက်မှုက သွင်းဂိုး(၄)ဂိုးအထိ ရှိခဲ့တာပေါ့။

ပရိသတ်တွေကတော့ မက်ဆီကို ပင်နယ်တီမှာ ဆရာကျကျ ကန်တတ်လာပြီလို့ ချီးကျူးနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲချိန် (၁၇)မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကို မက်ဆီက သက်သောင့်သက်သာပဲ ကန်သွင်းသွားတာမို့ပါ။

မက်ဆီက ဂိုးပေါက်ရဲ့အလယ်တည့်တည့်ကိုပဲ အသာအယာ ကန်သွင်းလိုက်တယ်။ ဒိုင်ဗင်ပစ်ပြီးသွားတဲ့ ဂိုးသမားကတော့ ဘာမှ မတတ်နိုင်လိုက်ပဲ ဂိုးထဲဝင်သွားတဲ့ဘောလုံးကို ကြည့်နေရုံပဲ။

မက်ဆီရဲ့ ဒုတိယဂိုးကလည်း လှပါတယ်။ အဲဒီအချိန်မှာ ဘာစီလိုနာအသင်းက (၂-၁)နဲ့ နိုင်နေချိန်မို့ လိုင်ယွန်အသင်းသားတွေဟာချေပဂိုးအတွက် အားထုတ်နေကြချိန်ဖြစ်ပြီး မက်ဆီရဲ့ ဂိုးဝင်သွားပြီးတဲ့နောက် သူတို့လည်း စိတ်ဓာတ်ကျသွားခဲ့ကြတယ်။

မက်ဆီက နောက်ခံလူနှစ်ယောက် ကာထားတဲ့ကြားကနေ ခြေယောင်ပြပြီး ကန်သွင်းသွားခဲ့လို့ ဂိုးသမားလည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ပရိသတ်တွေကတော့ ဒီလိုသွင်းဂိုးမျိုးဟာ မက်ဆီအတွက် ဘာမှ မထူးဆန်းတော့ဘူးလို့ မှတ်ချက်ပေးနေကြပြီး မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဆိုတာ ငြင်းနေစရာမလိုဘူးလို့ ချီးကျူးခဲ့ကြပါတယ်။

PA

Linn

Source : Twitter

READ  လီဗာပူးလ်အနိုင်ဂိုးရသွားချိန်မှာ ဒေါသထွက်နေတဲ့ ဆာလက်ကြောင့် ပရိသတ်တွေအံ့အားသင့်