ဆာရီ ။ ။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့နည်းပြ ဆာရီတစ်ယောက် ဂျူဗင်တပ်စ်အသင်းဆီ ရောက်ရှိသွားပြီဆိုတဲ့အကြောင်းကို ပရိသတ်တွေဆီ အသိပေးလိုက်ပါတယ်။ ဆာရီ ဟာ ဂျူဗင်တပ်စ်အသင်းဆီ (၃)နှစ် စာချုပ်နဲ့ရောက်သွားခဲ့ပြီး (၁၁)လသာ တာဝန်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းကို စွန့်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

နေမာ ။ ။ PSG အသင်းဟာ တိုက်စစ်မှူးနေမာကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြပါတယ်။ နေမာကိုခေါ်ယူဖို့အတွက် လာလီဂါကလပ်အသင်းတွေဖြစ်ကြတဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေကြပြီး နေမာ ကိုယ်တိုင်ကတော့ သူ့ရဲ့အသင်းဟောင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဆီကိုသာ ပြန်လည်သွားရောက်ချင်နေခဲ့တာပါ။ PSG အသင်း ဥက္ကဌဖြစ်တဲ့ ခီလိုင်ဖီက အသင်းကစားသမားတွေအနေနဲ့ ဘောလုံးကိုသာ အာရုံစိုက်ကစားစေချင်ကြောင်းနဲ့ ထင်ရှားကျော်ကြားသူတွေရဲ့အမူအကျင့်တွေအတိုင်း ပြုလုပ်နေခြင်းကို ရပ်တန့်စေလိုကြောင်း ကြေညာချက် ထုတ်လိုက်ပြီးတဲ့နောက် PSG ဟာ နေမာကိုရောင်းချဖို့အတွက် အပြောင်းအရွှေ့ဈေးကွက်ထဲရောက်ရှိလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

(AP Photo/Andre Penner)

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ နည်းပြရာထူးအတွက် လမ်းပတ်ကို တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း The Express က ဖော်ပြပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဂျူဗင်တပ်စ်အသင်းဆီ ရောက်ရှိတော့မှာဖြစ်ပြီး အသင်းရဲ့နည်းပြ နေရာအတွက် ချယ်လ်ဆီးက စတင်ရှာဖွေဖို့ ပြင်ဆင်နေတာပါ။ လမ်းပတ်ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီတုန်းက ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိနိုင်ဖို့ Play-off ပွဲစဉ်အထိ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ စိန့်အက်တီနီအသင်းရဲ့ ခံစစ်မှူး ဆာလီဘာ ကိုခေါ်ယူဖို့ သဘောတူညီချက် ရရှိခဲ့ပြီဖြစ်တယ်လို့ TheSun က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆာလီဘာ ကို (၅)နှစ်စာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း အတည်ပြု ကြေညာသွားမယ်လို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။

 

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ဂျွန်အဲလ်ဒရစ်ခ်ျ က လီဗာပူးလ်အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့မှာ စပါးတိုက်စစ်အတွဲ ဆွန်ဟောင်မင်နဲ့ လူးကပ်စ်မိုရာ တို့ကို အရခေါ်သင့်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အဲလ်ဒရစ်ခ်ျက ဆွန်ဟောင်မင် ဟာ လီဗာပူးလ်ကစားပုံနဲ့ အသင့်တော်ဆုံး ကစားသမားဖြစ်ပြီး ဂျာဂန်ကလော့ပ်အနေနဲ့ အမှန်တကယ်ခေါ်သင့်တဲ့သူဖြစ်တယ်လို့ ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

(AP Photo/Ahn Young-joon)

Linn

Source : TheSun , Mirror , Goal

READ  ဘောလုံးကစားရင်းလည်ပင်းရိုးကျိုးသွားခဲ့တဲ့ Kလိဂ်ဘောလုံးသမားရဲ့ခြောက်ခြားဖွယ်ဖြစ်ရပ်