မန်ယူအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကတော့ ယခင်နည်းပြ မော်ရင်ဟိုနဲ့ ပုဂ္ဂိုလ်ရေးအဆင်မပြေ ဖြစ်တိုင်း အသင်းကနေ ထွက်ခွာမယ်လို့ သွယ်ဝိုက်လို့တစ်မျိုး၊ ခြိမ်းခြောက်လို့တစ်ဖုံနဲ့ သတင်းတွေဖြန့်ဝေခဲ့သူပါ။ ထိုစဉ်တုန်းကလည်း သူရဲ့လုပ်ရပ်ဟာ မန်ယူပရိသတ်တစ်ချို့ကြားမှာ အပြစ်မြင်စရာတွေ ရှိခဲ့ပါတယ်။

အခုလည်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်သူ Mino Raiola ဟာ ရီးယဲတာဝန်ရှိသူတွေနဲ့ တိတ်တဆိတ်တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေကြောင်း Goal အားကစားသတင်းစာက Le10Sport မှာဖော်ပြထားတဲ့သတင်းကို ကိုးကားပြီး ဖော်ပြထားပါတယ်။

AP Photo/Jon Super

ဒီသတင်းဟာ မန်ယူပရိသတ်တွေအတွက်တော့ ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့သော မန်ယူပရိသတ်တွေကတော့ ပေါ့ဂ်ဘာအသင်းမှာ ဆက်ရှိနေတာဟာ ပြဿနာတွေရဲ့ မီးစဖြစ်လာလိမ့်မယ်လို့ ယခင်ကတည်းက ခန့်မှန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

အေးဂျင့် Mino Raiola ကလည်း ပွဲစားလောကမှာ ဝန်ဆောင်ခဈေးကြီးတဲ့ ပွဲစားစာရင်းမှာ ပါဝင်ပြီး အခုအပြောင်းအရွှေ့ဖြစ်ပေါ်ပါက ပေါင်(၁၆)သန်းအထိ ကော်မရှင်ခ ရဖို့ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

လင်းသူရိန် (SportAhtar)

Source : goal.com

READ  ကြာသပတေးနေ့ရဲ့ နောက်ဆုံးရအပြောင်းအရွှေ့သတင်းများစုစည်းမှု