မနေ့ညက ကစားခဲ့တဲ့ ပို့စ်မောက်အသင်းနဲ့ ဆန်းဒါးလန်းအသင်းတို့ရဲ့ ပွဲစဉ်မှာ ဆန်းဒါးလန်းနောက်ခံလူ အိုနီယန် ကို ကန်ကျောက်ခဲ့တဲ့ ပို့စ်မောက်ပရိသတ်တစ်ဦးရဲ့ ဗီဒီယိုက အင်တာနက်မှာ နာမည်ကြီးနေပါတယ်။

ဂိုးမရှိသရေကျခဲ့တဲ့ အဲဒီပွဲစဉ်ရလဒ်ကြောင့် ဆန်းဒါးလန်းအသင်းက Play Off ဗိုလ်လုပွဲဆီ တက်လှမ်းသွားခဲ့ပြီး ဆန်းဒါးလန်းကစားသမားတွေကို ဒေါသထွက်နေတဲ့ ပို့စ်မောက်ပရိသတ်က အခုလို လုပ်ခဲ့တာပါ။

Dailymail

ရုပ်သံမြင်ကွင်းတွေမှာတော့ အိုနီယန် ဟာ ပို့စ်မောက် ကစားသမားတစ်ယောက်နဲ့ ဘောလုံးယှဉ်လုရင်း ပရိသတ်တွေရှိရာ ကြော်ငြာဆိုင်းဘုတ် အနောက်ကို ပြုတ်ကျသွားခဲ့တာပါ။ အဲဒီအခြေအနေမှာ အနီးအနားမှာရှိနေတဲ့ ပို့စ်မောက် ပရိသတ်တစ်ယောက်က သူ့ကို ခြေထောက်နဲ့ ကန်လိုက်တာဖြစ်ပြီး သူကတော့ မသိချင်ယောင်ဆောင်ကာ အဲဒီနေရာကနေ ပြန်ထွက်လာခဲ့ပါတယ်။

Dailymail

ဒါပေမယ့် ဒီအဖြစ်အပျက်ကို မြင်ခဲ့တဲ့ ဆန်းဒါးလန်းကစားသမားတွေက ပရိသတ်ကို ၀ိုင်းဝန်းပြဿနာ ရှာဖို့ ကြိုးစားခဲ့ကြပြီး ကွင်းလယ်ဒိုင်က ကြားဝင်တားဆီးခဲ့ရပါတယ်။

ဆန်းဒါးလန်းအသင်းခေါင်းဆောင် ကက်တာမိုး နဲ့ ပို့စ်မောက်ပရိသတ်တို့ တင်းမာမှုတွေ ဖြစ်ပွားနေတာကို ရုပ်သံမြင်ကွင်းတွေက ဖော်ပြခဲ့ပြီး ပရိသတ်ဟာ ကွင်းထဲဝင်ပြီး ရန်ရှာဖို့တောင် ကြိုးစားနေခဲ့တာပါ။

အင်္ဂလန်ပြည်တွင်း ဘောလုံးပြိုင်ပွဲတွေမှာ ပရိသတ်တွေအနေနဲ့ ကစားသမားတွေကို ကွင်းအတွင်းဝင်ပြီး အနာတရဖြစ်အောင် ပြုလုပ်မှုတွေ မြင့်တက်လာခဲ့လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အခုလို ကျူးလွန်တဲ့ပရိသတ်တွေကို ဘောလုံးပွဲတွေရာသက်ပန်ကြည့်ရှုခွင့်ပိတ်ပင်မယ့်အပြင် နာကျင်စေမှုနဲ့ တရားစွဲသွားမယ်လို့လည်း ထုတ်ပြန်ကြေညာထားခဲ့တာပါ။

Linn

Source : Dailymail

READ  တောင်းပန်စကားလေးတစ်ခွန်းပြောရုံနဲ့ ပေါင် (၂၀၀,၀၀၀)ရသွားတဲ့နေမာ