ဂျူဗင်တပ်စ်အသင်းနဲ့ အက်သလက်အသင်းတို့ ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ် ပထမပိုင်းအပြီးမှာ အသင်းဖော်ကစားသမားတွေကို စိတ်ဓာတ်လှုံ့ဆော်ပေးနေတဲ့ ဂျူဗင်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဗီဒီယိုဖိုင် ပေါ်ထွက်လာခဲ့ပါတယ်။

ပထမအကျော့က (၂-၀)နဲ့ ရှုံးထားလို့ အနည်းဆုံး (၂-၀)နဲ့ ပြန်နိုင်ဖို့ လိုနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ပထမပိုင်းအပြီးမှာ ရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးကြောင့် (၁-၀)နဲ့ အနိုင်ရနေခဲ့တာပါ။

Twitter

ပထမပိုင်းပွဲချိန်အပြီး ကွင်းအတွင်း ပြန်ဝင်ကြဖို့ နေရာယူနေချိန်မှာ အ၀တ်လဲခန်းထဲကနေ စောစောထွက်လာပြီး အသင်းဖော်တွေကို စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးနေတဲ့ ရော်နယ်ဒိုကို တွေ့ရမှာဖြစ်ပြီး အသင်းခေါင်းဆောင် ချီလီနီ ကိုပါ သူက ပြန်ပြီး အားပေးနေခဲ့ပါသေးတယ်။

အသင်းသား တစ်ယောက်ချင်းစီကို ရော်နယ်ဒိုက လိုက်လံအားပေးနေခဲ့ပြီးတဲ့နောက် အနီးကိုရောက်လာတဲ့ ကွင်းလယ်ဒိုင်တွေကိုပါ လှုံ့ဆော်ပေးနေခဲ့သေးလို့ ရော်နယ်ဒိုဟာ အသင်းဖော်တွေကိုသာမကပဲ ဒိုင်လူကြီးတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနေတယ်လို့ ပရိသတ်တွေက အရွှန်းဖောက်ခဲ့ကြပါတယ်။

EPA

တချို့ပရိသတ်တွေကတော့ ဒါဟာ အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးဖြစ်ပြီး ဂျူဗင်တပ်စ် ကစားသမားတွေဟာ ရော်နယ်ဒိုကြောင့် အားတက်နေခဲ့ကြတယ်ဆိုတာ သိသာတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ရော်နယ်ဒို ဟာ ဒုတိယပိုင်းပြန်စပြီး မိနစ်အနည်းငယ် အကြာမှာပဲ ဂျူဗင်တပ်စ်အတွက် ဒုတိယ ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲဒီနောက် မိနစ် (၈၀)ကျော်မှာ ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး ဒီဂိုးကြောင့်ပဲ ဂျူဗင်တပ်စ်ဟာ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။

ပရိသတ်တွေကတော့ ဂျူဗင်တပ်စ်အသင်း ဒီလို ပင်နယ်တီရတာဟာ ကွင်းလယ်ဒိုင်လူကြီးကို စိတ်ဓာတ်တက်ကြွအောင် ရော်နယ်ဒို လုပ်ပေးခဲ့တဲ့ အကျိုးကြောင့်ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

Linn

Source : givemesport

READ  မက်ဆီ မရှိရင် အာဂျင်တီးနားအသင်း ဘယ်လိုဖြစ်လာမလဲ