မနေ့ညက ကစားခဲ့တဲ့ ဆန်းဂျို့စ်အသင်းနဲ့ ဒဲလက်စ်အသင်းတို့ရဲ့ မေဂျာလိဂ်ပွဲစဉ်မှာတော့ ဆန်းဂျို့စ်အသင်းရဲ့ဂိုးသမား ဗီဂါ ဟာ သူ့ရဲ့ကစားသမားဘ၀မှာ အဆိုးရွားဆုံး အမှားတစ်ခုကို ပြုလုပ်ခဲ့ပြီး ဒီအဖြစ်အပျက်က ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးသွားခဲ့ပါတယ်။

ဆန်းဂျို့စ်အသင်းဆီကို ဒီရာသီမှာမှ ပြောင်းရွှေ့လာခဲ့တဲ့ အသက် (၃၅)နှစ်အရွယ် ဂိုးသမားဟာ နောက်ခံလူနဲ့ ဘောလုံးအပေးအယူလုပ်နေရင်းက ဆိုးရွားတဲ့အမှားတစ်ခုကို ကျူးလွန်မိခဲ့တာပါ။

(AP Photo)

အဲဒီအမှားကပဲ ပြိုင်ဖက်အသင်းအတွက် ဦးဆောင်ဂိုး ဖြစ်သွားစေခဲ့ပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်။

ပြိုင်ပွဲရဲ့ ပွဲချိန် (၂၇)မိနစ်မှာ ဗီဂါ က သူ့ဆီရောက်လာတဲ့ဘောလုံးကို ဂိုးဧရိယာအပြင် ဘယ်ဖက်ခြမ်းမှာရှိနေတဲ့ နောက်ခံလူဆီပေးပို့ခဲ့တာဖြစ်ပြီး နောက်ခံလူက သူ့ခြေထောက်ထဲက ဘောလုံးကို ဗီဂါဆီ ပြန်ပေးခဲ့တာပါ။

ဘောလုံးက အရှိန်လည်းမများသလို၊ လွယ်လွယ်လေး ဖမ်းလို့ရနိုင်တဲ့အနေအထားပါ။ ဒါပေမယ့် ဗီဂါကတော့ ကွင်းလယ်မှာရှိတဲ့ အသင်းဖော်တွေကိုကြည့်နေရင်းဘောလုံးဖမ်းလိုက်တာမို့ ဘောလုံးဟာ ခြေထောက်ကြားကနေ ထွက်သွားခဲ့ပြီး ဂိုးထဲကို တန်းတန်းမတ်မတ်ဝင်သွားခဲ့တာဖြစ်ပါတယ်။

Twitter

ပြိုင်ဖက် ဒဲလက်စ်အသင်း ကစားသမားတွေဆိုရင် ဗီဂါအတွက် အားတုံ့အားနာဖြစ်ခဲ့ကြပြီး အဲဒီဂိုးအတွက် အောင်ပွဲတောင်မခံခဲ့ကြပါဘူး။

ပွဲအပြီးမှာတော့ ဒီဂိုးက ဆိုရှယ်မီဒီယာတွေအပေါ်ရောက်လာပြီးတဲ့နောက် ဒီရာသီရဲ့အဆိုးရွားဆုံး ကိုယ့်ဂိုးကိုယ်သွင်းမှုအဖြစ် ပရိသတ်တွေက သတ်မှတ်ခဲ့ကြတာပါ။ ပရိသတ်အချို့ကတော့ ဂိုးသမားတစ်ယောက်အတွက် ဒီလိုအမှားမျိုးဟာ အဆိုးရွားဆုံးပဲလို့ မှတ်ချက်ပေးခဲ့ကြပြီး ဗီဂါဟာ ဒီ့ထက်ပိုပြီး ဘောလုံးကို အာရုံစိုက်ဖို့လိုတယ်လို့ မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။

Linn

Source : Twitter

READ  အာဆင်နယ်နဲ့ပွဲမှာ ခေါင်းကိုရေဗူးနဲ့အပေါက်ခံခဲ့ရတာကို အယ်လီဘယ်လိုတုန့်ပြန်ခဲ့လဲ