မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရှော်လ်ကေးအသင်းက မန်စီးတီးအသင်းကို (၇-၀)ဂိုးနဲ့ ရှုံးခဲ့ပေမယ့် ရှော်လ်ကေးအသင်းတာဝန်ရှိသူတွေကတော့ ပျော်ပျော်ပါပဲ။ ရှော်လ်ကေးအသင်းရဲ့ တွစ်တာကို တာဝန်ယူထားတဲ့သူဆိုရင် ဟာသတောင် လုပ်နေလိုက်သေးတယ်။

ပထမအကျော့တုန်းက (၁-၂)ဂိုးနဲ့ ရှုံးထားခဲ့လို့ ဒီပွဲမှာ ရှော်လ်ကေးအသင်း အခွင့်အရေးရှိသေးတယ်လို့ အားလုံးထင်ခဲ့ကြပေမယ့် ရှော်လ်ကေးအသင်းဟာ (၇)ဂိုးအထိ ပေးခဲ့ရပြီး မန်စီးတီးတိုက်စစ်ကို တွန်းလှန်နိုင်စွမ်း ကင်းမဲ့ခဲ့တာပါ။

အထူးသဖြင့် မန်စီးတီးအသင်း တောင်ပံကစားသမား ဆာနေး ကို ရှော်လ်ကေး ကစားသမားတွေ ဘယ်လိုမှ မထိန်းနိုင်ခဲ့ပဲ ဆာနေးဟာ ကိုယ်တိုင်လည်းတစ်ဂိုးသွင်းခဲ့သလို အသင်းဖော်တွေရဲ့ သွင်းဂိုး(၃)ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

EPA

နောက်ဆုံး ရှော်လ်ကေးအသင်းရဲ့ တွစ်တာကတောင် မနေနိုင်တော့လို့ ထပြောရတဲ့အဆင့်အထိပဲ။

မန်စီးတီးအသင်း (၆-၀)နဲ့ နိုင်နေချိန်မှာ ရှော်လ်ကေးအသင်းရဲ့ တွစ်တာက ပါဝါရိန်းဂျားပုံတွေနဲ့အတူ “ရပ်ကြပါတော့” ဆိုတဲ့ ပို့စ်တစ်ခုတင်ပြီး တောင်းပန်ရတဲ့အဆင့်တွေ ရောက်ကုန်တာပါ။

Twitter

အဲဒီနောက် မန်စီးတီးအသင်းက (၇-၀)နဲ့ နိုင်ပြီး ပွဲပြီးတော့မယ့်အချိန်မှာ ရှော်လ်ကေးအသင်းရဲ့ တွစ်တာပေါ်မှာ ပို့စ်တစ်ခု တွေ့ခဲ့ရပြီး အဲဒါကတော့ ဆာနေးနဲ့ ပတ်သက်နေခဲ့ပါတယ်။

“ဆာနေးကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ကိုယ်တိုင် လာတားတာမျိုး မြင်ချင်တယ်” လို့ ရှော်လ်ကေးအသင်းက သူတို့ရဲ့ တွစ်တာအကောင့်မှာ ရေးသားသွားခဲ့ပြီး တစ်ပွဲလုံး ဘယ်လိုမှ ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ခဲ့တဲ့ဆာနေးကို ချီးကျူးသွားခဲ့တာပါ။

Twitter

အဲဒီပို့စ်ရဲ့အောက်မှာပဲ အင်္ဂလန်ဘောလုံးသမားဟောင်း ဂယ်ရီလိုင်နီကာ က ၀န်ကြီးချုပ်သာ လာရင် မင်းတို့အသင်း ဂိုးပိုပြတ်သွားလိမ့်မယ်လို့ အရွှန်းဖောက်သွားခဲ့ပါသေးတယ်။

Youtube

Linn

Source : Dailymail

READ  ဂိုမစ်ရဲ့အောင်ပွဲခံပုံကြောင့်ကြောက်လန့်ခဲ့တဲ့ ဘောလုံးကောက်လေးရဲ့ဗီဒီယိုနာမည်ကြီးနေ