စပိန်နဲ့ရီးယဲလ်အသင်းတို့ရဲ့ ဂန္ထဝင်ဂိုးသမားကြီး ကာဆီးလက်ဟာ လက်ရှိအချိန်မှာ ပေါ်တိုအသင်းမှာ ကစားနေသူဖြစ်ပြီး၊ မကြာသေးခင်က အသင်းနဲ့ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ နှလုံးဖောက်အမော့စို့ပြီး လဲကျသွားခဲ့ကြောင်း သိရပါတယ်။

ကာဆီးလက်ကို အသင်းဆေးအဖွဲ့က Hospital CUF ဆေးရုံဆီ အမြန်ပို့ပေးခဲ့ပြီး၊ စပိန်၊ ရီးယဲလ်နဲ့ ပေါ်တိုပရိသတ်တွေကလည်း ကာဆီးလက်ရဲ့ အခြေအနေကို စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ထပ် နာရီအနည်းငယ်အကြာမှာပဲ ကာဆီးလက်ဟာ ကံကောင်းစွာ သက်သာသွားခဲ့ပါတယ်။

(AP Photo/Luis Vieira, file)

သူဟာ စိုးရိမ်ပူပန်နေတဲ့ ပရိသတ်တွေအတွက် လက်မထောင်ထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး၊ စိုးရိမ်ထိတ်လန့်တဲ့ မက်ဆေ့နဲ့ အမှာစကားတွေအတွက် အထူးကျေးဇူးတင်ပါကြောင်း၊ အခုတော့ ခက်ခဲတဲ့အခြေအနေကနေ လွတ်မြောက်လာခဲ့ပြီဖြစ်ပါကြောင်း ရေးသားခဲ့ပါတယ်။

ကာဆီးလက်ရဲ့ပို့စ်ဟာ ချက်ချင်း လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး မိနစ်(၂၀)အတွင်းမှာပဲ like (၅)သိန်းကျော် ရရှိသွားပါတယ်။ သူ့ထံကို နိုင်ငံအသင်းကစားဖော်တွေဖြစ်တဲ့ ဒီယေရိုကော်စတာ၊ မာတာနဲ့ ကာဇိုလာတို့ကလည်း သူ့ထံကို မက်ဆေ့ပေးပို့ခဲ့ပြီး၊ မန်ယူကစားသမား ဒီယိုဂိုဒလော့လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။

Twitter

အသက်(၃၇)အရွယ် ကာဆီးလက်ဟာ ရီးယဲလ်လူငယ်အကယ်ဒမီမှသည် စီနီယာအသင်းကြီးအတွက် ပွဲပေါင်း(၅၀၀)ကျော် ပေးဆပ်ခဲ့ပြီးနောက်၊ (၂၀၁၅)ခုနှစ်မှာ ပေါ်တိုအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ အခုဆိုရင် သူဟာ ပေါ်တိုအသင်းအတွက် (၁၁၆)ပွဲ ကစားထားပြီပါပြီ။ သူဟာ စပိန်အသင်းအတွက် (၁၆၇)ပွဲ ကစားထားတဲ့ ဂန္ထဝင်ဂိုးသမားကြီး ဖြစ်ပါတယ်။

 

လင်းသူရိန် (SportsAhtar)

Source : thesun.co.uk

READ  ဘောလုံးဆရာကြီးကနေ ဂိမ်းဆရာကြီးဖြစ်သွားခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးသွင်းဂိုးဆုရှင်