ဇွန်လ (၂)ရက်နေ့၊ အက်သလက်တီကိုအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ မက်ထရိုပိုလီတာနိုကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကြရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်အသင်းက ချန်ပီယံဖြစ်နိုင်တယ်ဆိုတာ ပရိသတ်တွေ အခုထိ သေချာပေါက် မတွက်ဆနိုင်သေးပါဘူး။

ပရီးမီးယားလိဂ် ပြိုင်ဖက်အသင်းချင်းဖြစ်နေပြီး တစ်သင်းရဲ့ကစားပုံကို တစ်သင်းက သိနေတဲ့ အနေအထားမှာ နည်းပြတွေဟာ အနိုင်ရဖို့အတွက် သိသိသာသာအလေးသာနေတာမျိုးတွေ မရှိပါဘူး။

ဒီရာသီ ချန်ပီယံလိဂ်မှာ လီဗာပူးလ်အသင်းက စပါးထက်ပိုပြီး ရေပန်းစားနေတာ မှန်ပေမယ့် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ မန်စီးတီး၊ အေဂျက်ဇ်တို့ကို ကျော်ဖြတ်ပြခဲ့ပြီးနောက် ဗိုလ်လုပွဲအတွက် ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ပရိသတ်တွေက ယုံကြည်ထားခဲ့ကြပါတယ်။

ဗြိတိန်မှာ နာမည်ကြီးနေတဲ့ စူပါကွန်ပြူတာရဲ့ ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်သူဖလားရသွားနိုင်မလဲဆိုတာ ခန့်မှန်းလိုက်ပြန်ပါပြီ။ ဒီ ကွန်ပြူတာက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ခန့်မှန်းခဲ့ရာမှာလည်း မှန်ကန်ခဲ့တာမို့ သူ့ရဲ့ ခန့်မှန်းမှုက လျော့တွက်လို့ မရတာတော့အမှန်ပါ။

EightThirtyFive

FiveThirtyEight ၀က်ဆိုက်ကနေတစ်ဆင့် စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်မှာတော့ စပါးအသင်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ (၂၉) ရာခိုင်နှုန်းသာရှိနေပြီး လီဗာပူးလ်အသင်းကတော့ ဗိုလ်စွဲဖို့ (၇၁)ရာခိုင်နှုန်းအထိ ရှိနေခဲ့တာကို တွေ့ရပါတယ်။

အားလုံးရဲ့အမြင်မှာလည်း လီဗာပူးလ်ကပဲ စပါးကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖလား ရယူသွားနိုင်မယ်လို့ ယုံကြည်နေကြလို့ တကယ်တမ်းမှာရော လီဗာပူးလ်က ချန်ပီယံဖြစ်သွားမလား၊ စူပါ ကွန်ပြူတာက မှန်သွားဦးမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

EightThirtyFive

Linn

Source : FiveThirtyEight

READ  ဘယ်သူမှ လိုက်မမှီသေးတဲ့ အယ်လ်ဂျီးရီးယားတိုက်စစ်မှူးရဲ့ ကမ္ဘာ့အဆိုးရွားဆုံး ဂိုးပေါက်လွဲချော်မှု