ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ နာပိုလီအသင်းတို့ရဲ့ အိမ်ကွင်းပွဲစဉ်မှာ အာဆင်နယ် ကွင်းလယ်ကစားသမား တော်ရဲရားဟာ ဒုတိယမြောက် ဦးဆောင်ဂိုးရဲ့ ပဲ့ကိုင်ရှင်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီဂိုးကို OG အဖြစ် သတ်မှတ်ခဲ့ပါတယ်။

တော်ရဲရားရဲ့ ပြင်းထန်တဲ့ ကန်ချက်က နာပိုလီရဲ့ဗဟိုခံစစ်ကစားသမား Kalidou Koulibaly ရဲ့ခြေထောက်ကို ထိမှန်ပြီး လမ်းကြောင်းပြောင်းကာ အာဆင်နယ်တို့ ဒုတိယဦးဆောင်ဂိုးရရှိခဲ့တာပါ။ ဒီဂိုးကို သွင်းယူပြီးနောက် တော်ရဲရားဟာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲမခံသေးဘဲ ပွဲကြည့်စဉ်ဘက်ကို ပြေးသွားခဲ့ပါတယ်။

သူ ယူဆောင်လာတဲ့ ဂျာစီရင်ဘတ်နေရာမှာ တော်ရဲရားနဲ့ လူတစ်ယောက်ဟာ ဆမ်ဒိုးရီးယားအသင်းဂျာစီကို အတူတူကိုင်ပြီး အမှတ်တရဓာတ်ပုံရိုက်ကူးထားတဲ့ ပုံကို ထည့်သွင်းထားပါတယ်။ ရေထားတဲ့စာသားကို ဘာသာပြန်ရရင် “We love and miss you, Rafita.” လို့ အင်္ဂလိပ်လို အဓိပ္ပါယ်ရပါတယ်။

ဓာတ်ပုံထဲမှာ ပါဝင်တဲ့အမျိုးသားဟာ တော်ရဲရားနဲ့ အလွန်ရင်းနီးတဲ့ သူငယ်ချင်းတစ်ဦးဖြစ်ပြီး နာမည်မှာ Rafael Guarino လို့သိရပြီး၊ ကားတိုက်မှုနဲ့ မကြာသေးခင် သေဆုံးသွားခဲ့တာပါ။ သူ့အနေနဲ့ ဆမ်ဒိုးရီးယားအသင်းဂျာစီကို ကိုင်ပြီး အောင်ပွဲခံခဲ့သော်လည်း အာဆင်နယ်ရဲ့ အရေးယူခြင်း ခံရဖို့မရှိပါဘူး။

Youtube

ဒါပေမယ့် UEFA စည်းမျဉ်းစည်းကမ်း ဥပဒေ(၄) အခန်း (၅)မှာ ဖော်ပြထားချက်အရ ကစားသမားတစ်ဦးဦးဟာ နိုင်ငံရေးကို ပုတ်ခတ်ထားတဲ့၊ စော်ကားထားတဲ့၊ ထောက်ခံထားတဲ့၊ သို့တည်းမဟုတ် ဘာသာရေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စကားတွေထည့်သွင်းထားတဲ့ စာသားတွေကို ကိုင်ဆောင်အောင်ပွဲခံရင် အရေးယူခံရနိုင်ကြောင်း ဖော်ပြထားပါတယ်။

 

လင်းဇော်ကို (SportAhtar)

Source : mirror.co.uk

READ  မက်ဆီရဲ့ မိသားစုဝင်တွေနဲ့ မာရာဒိုနာ တို့ရဲ့ကြားက စကားလုံးရန်ပွဲ