မနေ့ညက ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ ဗလင်စီယာအသင်းတို့ရဲ့ကိုပါဒယ်ရေးပွဲစဉ်မှာ ဘက်တစ်အသင်း ကွင်းလယ်လူ ဂျိုအာကွင်းရဲ့ သွင်းဂိုးတစ်ဂိုးဟာ ထောင့်ကန်ဘောကနေ ဂိုးထဲကို တန်းဝင်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဘက်တစ်အသင်းက (၁-၀)ဂိုးနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းပွဲချိန် (၅၄)မိနစ်မှာ ဂျိုအာကွင်းက ရရှိခဲ့တဲ့ထောင့်ကန်ဘောကို ဂိုးရှေ့ဆီ ကန်တင်ခဲ့တာပါ။

Eleven Sports

ဒါပေမယ့် ဖြစ်ချင်တော့ ဘောလုံးက ဂိုးထဲကို တည့်တည့်မတ်မတ်ဝင်သွားခဲ့ရပြီး ဗလင်စီယာ ဂိုးသမား ဒိုမီနက်ခ်ျက ပုတ်ထုတ်ခဲ့ရတာပါ။

ဘက်တစ်အသင်းကစားသမားတွေကတော့ ဒိုမီနက်ခ်ျဟာ ဂိုးထဲကနေ ဘောလုံးကို ပုတ်ထုတ်ခဲ့တယ်လို့ ဒိုင်လူကြီးကို စောဒက တက်ခဲ့ကြလို့ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ခဲ့ရပြီး ရုပ်သံမှတ်တမ်းတွေထဲမှာလည်း ဂျိုအာကွင်းရဲ့ ထောင့်ကန်ဘောကန်ချက်ဟာ ဂိုးထဲကိုရောက်နေခဲ့ပြီး ဂိုးသမားက ဂိုးထဲကနေ ပုတ်ထုတ်ခဲ့ရတာကို တွေ့ခဲ့ရပါတယ်။

Eleven Sports

အဲဒီအတွက် ဒိုင်လူကြီးက ဂျိုအာကွင်းရဲ့ကန်ချက်ကို ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပြီး ကိုပါဒယ်ရေးပြိုင်ပွဲတစ်လျှောက်မှာ ထောင့်ကန်ဘောကနေ သွင်းယူခဲ့တဲ့ ပထမဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်စေခဲ့တာပါ။

အဲဒီပွဲစဉ်မှာ ဘက်တစ်အသင်း သွင်းဂိုး(၂) ဂိုးနဲ့ ဦးဆောင်ခဲ့လို့ အနိုင်ရမယ်လို့ ထင်ခဲ့ကြပေမယ့် ဗလင်စီယာအသင်းက ပွဲချိန် မိနစ် (၇၀)နဲ့ နာကျင်အချိန်ပိုတွေမှာ ချေပဂိုးတွေ ပြန်လည်သွင်းယူသွားခဲ့လို့ ပွဲအပြီးမှာ (၂) ဂိုးစီ သရေကျသွားခဲ့ရပါတယ်။

Linn

Source : TheSun

READ  အာဆင်နယ်ပရိသတ်တွေဒေါသထွက်နေကြတဲ့ ဟာဇက်ရဲ့သွင်းဂိုး