ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ ဥက္ကဌ စတိဗ် ပါရစ်ရှ်က အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဇာဟာကို ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ အသင်းက ထွက်ခွာခွင့်ပြုသွားမှာဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။

အသက်(၂၆)နှစ်ရှိပြီဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား ဇာဟာကို ရာကြိုအပြောင်းအရွှေ့ကာလတုန်းက အဲဗာတန်အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)နဲ့ ကမ်းလှမ်းခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းကထွက်ခွာခွင့်ပြု ဖို့ တောင်းဆိုခဲ့ပေမယ့် ပဲလေ့စ်တာဝန်ရှိသူတွေက ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အဲဗာ တန်နဲ့ အပြောင်းအရွှေ့ကို ပဲလေ့စ်တာဝန်ရှိသူတွေက လက်မခံခဲ့လို့ ဇာဟာနဲ့ ပဲလေ့စ်အသင်းကြားမှာ ပြဿနာ တွေရှိခဲ့ပြီး ဇာဟာကိုယ်တိုင်က အသင်းကထွက်ခွာလိုကြောင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

CPFC.CO.UK

ပဲလေ့စ်ဥက္ကဌ စတိဗ် ပါရစ်ရှ်က ဇာဟာရဲ့ ခြေစွမ်းဟာ အသင်းကြီးတွေမှာ ကစားဖို့ ထိုက်တန်ကြောင်း၊ ဇာဟာ့ နေရာအစားထိုးမယ့် ကစားသမားကို ရှာဖွေပြီးရင်တော့ အသင်းက ထွက်ခွာခွင့်ပြုသွားမှာဖြစ်ကြောင်း Daily Mail သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

Wilfred Zaha/Instagram

“ အားလုံးအတွက် ပျော်စရာ လမ်းခွဲခြင်းမျိုးပဲဖြစ်ဖို့ ကျွန်တော် အာမခံနိုင်ပါတယ်။ ကျွန်တော်ဟာ ကလပ်ဥက္က ဌဖြစ်တာကြောင့် အချို့သော ကိစ္စတွေမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ရပေမယ့် ဇာဟာနဲ့ ကျွန်တော့်ကြား မှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေဆဲပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း သူ့ကို အသင်းကြီိး တစ်သင်းသင်းမှာ ခြေ စွမ်းပြကစားနေတာကို တွေ့မြင်ချင်ပါတယ်” ဆိုပြီး ပါရစ်ရှ်က ဖွင့်ဟခဲ့တာပါ။

Finn

READ  နည်းပြအမ်မရီရှင်းထုတ်နိုင်ခဲ့တဲ့ တပတ်ပေါင်(၁)သန်းနီးပါးပေးနေရတဲ့ ကစားသမားတွေ