မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက လက်ရှိမန်ယူအသင်းမှာ အလားအလာရှိတဲ့ လူငယ်က စားသမားတွေ၊ အတွေ့အကြုံရင့် ကစားသမားတွေ အများအပြားရှိပေမယ့် ကမ္ဘာ့အဆင့် ကစားသမားမှာ ပေါ့ဘာ တစ်ဦးသာရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆာဟာက “ ပေါ့ဘာဟာ Ballon d’Or ဆုရှင် ဖြစ်လာနိုင်တဲ့ အလားအလာမျိုးတွေ ပိုင်ဆိုင်ထားသူပါ။ မန်ယူအ သင်းသားတွေ အပေါ်မှာ လေးစားမှု မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိခြေစွမ်းအရတော့ ပေါ့ဘာ ဟာ မန်ယူအသင်းရဲ့ တစ်ဦးတည်းသော ကမ္ဘာ့အဆင့်ကစားသမားလို့ ပြောလို့ရပါတယ် ”

“ ဒါကြောင့်မို့ လူတွေရဲ့ အာရုံထဲမှာ ပေါ့ဘာဟာ အမြဲတမ်း ရှိနေတာပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ အားလုံး ထက်သာနေတဲ့ ကမ္ဘာ့အဆင့်ကစားသမား ဖြစ်နေလို့ပါ။ ပေါ့ဘာဟာ အမြဲတမ်း အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် တစ်ခါတစ်ရံမှာတော့ သူ့ရဲ့ အသင်းဖော်တွေက သူ့ကို မကူညီနိုင်ခဲ့ပါဘူး။ အဲ့လို အနေအထားမျိုးမှာ မန်ယူ ရလဒ်မကောင်းရင် ဘယ်သူပဲ အပြစ်တင်ခံရလဲ … ပေါ့ဘာပဲ အပြစ်တင်ခံရတာပါ” ဆိုပြီး Astor Super Sport အစီအစဉ်မှာ သုံးသပ်သွားခဲ့ပါတယ်။

ManUtd.Com

ပေါ့ဘာဟာ (၂၀၁၆)ခုနှစ်က ဂျူဗင်တပ်အသင်းကနေ မန်ယူအသင်းကို ပေါင်(၈၉)သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ အဲ့ဒီအချိန်က ကမ္ဘာ့စံချိန်တင် ဖြစ်ခဲ့ပါတယ်။ ပေါ့ဘာဟာ မန်ယူအတွက် ပြိုင်ပွဲ စုံ(၁၄၆)ပွဲ ကစားပြီး (၃၁)ဂိုး သွင်းယူပေးထားနိုင်သူ ဖြစ်သလို (၂၀၁၈/၁၉) ပရီးမီးယားလိဂ်အကောင်းဆုံး အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

Finn

READ  ဒီအပြောင်းအရွှေ့မှာ မော်ရင်ဟို ခေါ်ယူချင်နေတဲ့ ကစားသမား (၄)ယောက်