လီဗာပူးလ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားတဲ့ ဂိုးသမား အလစ်ဆန် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ အနိမ့်ပါးဆုံး ဂိုးပေါက်ကာကွယ်မှု မှတ်တမ်းကို ရရှိထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အလစ်ဆန်ရဲ့ ဒီရာသီ ဂိုးပေါက်ကာကွယ်နိုင်မှု ရာခိုင်နှုန်းဟာ (၃၆.၄) ရာခိုင်နှုန်းပဲရှိနေပြီး ဒီရာခိုင်နှုန်းက ပရီးမီးယားလိဂ်ရဲ့ ဂိုးသမား (၂၀) ထဲမှာ အနိမ့်ဆုံး ကာကွယ်နိုင်မှု ဖြစ်ပါတယ်။

AFP

ဘောလုံးပွဲသုံးသပ်သူတွေကတော့ အလစ်ဆန်ဟာ နာပိုလီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အံ့အားသင့်ဖွယ် ကာကွယ်နိုင်မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာကလွဲရင် နောက်ပိုင်းပွဲစဉ်တွေမှာ ပေးဂိုးတွေများနေခဲ့တယ်လို့ သုံးသပ်ခဲ့ကြပြီး လီဗာပူးလ်ရဲ့ ချန်ပီယံဆု ရနိုင်၊ မရနိုင်ဆိုတာက သူ့အပေါ်မှာလည်း မူတည်နေတယ်လို့ မှတ်ချက်ပေးခဲ့ကြတာပါ။

အချက်အလက်တွေအရ အလစ်ဆန်ဟာ နောက်ဆုံးကာကွယ်ခဲ့ရတဲ့ ကန်သွင်းမှု (၁၂) ကြိမ်ကနေ (၈) ဂိုးအထိ ပေးထားခဲ့ရလို့ သူ့ရဲ့လက်စွမ်းဟာ လီဗာပူးလ်ရဲ့ ချန်ပီယံဆုမျှော်လင့်ချက်အပေါ် ထိခိုက်လာနိုင်တယ်လို့ ဖော်ပြနေကြတာပါ။

Manchester City Fc

လီဗာပူးလ်အသင်း ကစားခဲ့တဲ့ ပွဲစဉ် (၂၅)ပွဲအနက် ပထမဆုံး (၁၉) ပွဲမှာ လီဗာပူးလ်အသင်းရဲ့ ဂိုးပေါက်ကို ကန်သွင်းခံရမှု (၅၂) ကြိမ်ရှိခဲ့ပြီး (၇) ဂိုးသာ ပေးခဲ့ရတာပါ။ အဲဒီအခြေအနေမှာ အလစ်ဆန်ရဲ့ ဂိုးပေါက်ကာကွယ်နိုင်မှု ရာခိုင်နှုန်းက (၈၆.၅၄) ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အားလုံး လက်ဖျားခါခဲ့ရတဲ့ စွမ်းဆောင်ရည်မျိုးပါပဲ။

ဒါပေမယ့် နောက်ဆုံး (၆) ပွဲမှာတော့ လီဗာပူးလ်အသင်းရဲ့ ဂိုးပေါက်ကန်သွင်းခံရမှုက (၁၂) ကြိမ်သာရှိခဲ့ပြီး ဂိုးအဖြစ်ခွင့်ပြုခဲ့ရမှုက (၈)ကြိမ်အထိသာ ရှိခဲ့တာပါ။ အဲဒီအနေအထားမှာတော့ အလစ်ဆန်ရဲ့ ဂိုးပေါက် ကာကွယ်နိုင်မှုက (၃၃.၃၃) ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

PA

ပေါင် (၆၆.၈)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဂိုးသမားဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲမှာ ပေးဂိုးမရှိတဲ့ပွဲ တစ်ပွဲသာ ရှိခဲ့ပြီး သူ့ရဲ့လက်ရှိ စွမ်းဆောင်ရည် မှတ်တမ်းတွေက ပရိသတ်တွေကို စိုးရိမ်မှု ပိုကဲလာစေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

Linn

Source : TheSun

READ  လီဗာပူးလ်ရဲ့အဝေးဘောကန်ချက်အကောင်းဆုံးနောက်ခံလူနဲ့ အညံ့ဆုံးနောက်ခံလူ