မန်စီးတီးအသင်းကို ချယ်လ်ဆီးအသင်းက ဂိုး ဒါဇင်ဝက်နဲ့ ရှုံးနိမ့်အပြီးမှာ ချယ်လ်ဆီးအသင်းကစားသမားတွေဟာ ဒေါသထွက်ပြီး စိတ်ပျက်နေကြတဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေကို လိုက်လံတောင်းပန်ခဲ့ကြရပါတယ်။

တချို့ပရိသတ်တွေဆိုရင် သူတို့ဝယ်ထားတဲ့ တစ်ရာသီစာ လက်မှတ်တွေကိုတောင် ဆုတ်ဖြဲပစ်ခဲ့ကြတာပါ။ သူတို့က အဲဒီ ဆုတ်ဖြဲနေမှုကို ဗီဒီယို ရိုက်ကူးထားခဲ့ပြီး အသင်းအပေါ် ဘယ်လောက် စိတ်ပျက်နေတယ်ဆိုတာ သိအောင် ဆိုရှယ်မီဒီယာကတစ်ဆင့် ပြသသွားခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းနောက်ခံလူ အက်ဇ်ပီလီကွီတာ အပါအ၀င် ဟာဇက် ၊ ဒေးဗစ်လူးဝစ္စ ၊ မားကို့စ်အလွန်ဆို နဲ့ ရူဒီဂါ တို့ဟာ ပွဲအပြီးမှာ ကွင်းထဲကနေ ထွက်မသွားသေးပဲ ပရိသတ်တွေကို လိုက်လံတောင်းပန်နေခဲ့ပါတယ်။

EPA

အထူးသဖြင့် ပေးဂိုး (၆) ဂိုးအထိ ခွင့်ပြုခဲ့ရတဲ့ ချယ်လ်ဆီးနောက်ခံကစားသမားတွေက သူတို့ရဲ့ ခြေစွမ်းအတွက် ရှက်ရွံ့နေခဲ့ကြပြီး ချယ်လ်ဆီးနောက်ခံလူတစ်ဦးဖြစ်တဲ့ ရူဒီဂါဆိုရင် သူ့ရဲ့ ဂျာစီ အင်္ကျီကိုတောင် ပရိသတ်တစ်ဦးကို ပေးခဲ့ပါသေးတယ်။

ရူဒီဂါကဒေါသထွက်နေတဲ့ ပရိသတ်တွေရှေ့မှာ ရပ်ရင်း “ငါ ဒီနေရာကိုတောင်းပန်ဖို့ လာခဲ့တာပါ၊ မင်းတို့မှာ မကျေနပ်တာရှိရင် ငါ့ကိုပြောနိုင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

REX

ချယ်လ်ဆီးအသင်း ပရိသတ်တွေက ရူဒီဂါရဲ့ အပြုအမူကို ကျေနပ်ခဲ့ကြပြီး “ရူဒီ၊ ရူဒီ” ဆိုတဲ့ အော်သံတွေနဲ့အတူ ရူဒီဂါကို ခွင့်လွှတ်ကြောင်း ပြသသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာကတော့ ပွဲအပြီး အင်တာဗျူးမှာ သူ့ရဲ့ကစားသမားဘ၀မှာ အဆိုးဆုံးညတစ်ည ဖြစ်ကြောင်းနဲ့ ဘာတွေဖြစ်သွားဖို့ဆိုတာ ရှင်းပြဖို့ တော်တော်ခက်ကြောင်းကို ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းပရိသတ်တစ်ဦးကတော့ သူတို့အနေနဲ့ ကစားသမားတွေရဲ့ တောင်းပန်မှုကို လက်ခံနိုင်ပေမယ့်လည်း အသင်းရဲ့ ရလဒ်ပိုင်းကိုတော့ လက်ခံနိုင်မှာမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို မန်ယူအသင်းဆီ လွှဲပေးလိုက်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ရုန်းကန်ရတော့မယ့် အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။

Linn

Source : Goal

READ  မန်ယူအသင်းကို(၈၅၅)မိနစ်ကြာအောင် ဂိုးမသွင်းနိုင်သေးတဲ့လီဗာပူးလ်ရဲ့တိုက်စစ်အတွဲ