ဘန်လေတိုက်စစ်မှူး အက်ရှ်လေဘန်းစ်ကတော့ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာဒစ်ဖ်အသင်းနဲ့ ပွဲစဉ်မှာ ကာဒစ်နောက်ခံလူ ဂျိုးဘားနက်တ်ကို နှစ်ကြိမ်အထိ နမ်းခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ ဘောလုံးယှဉ်လုပြီး အချင်းများစဉ် ဒီထင်မှတ်မထားတဲ့ အပြုအမူကို အက်ရှ်လေက ပြုမူလိုက်တာပါ။

အက်ရှ်လေဟာ ပထမ နဖူးကို လှမ်းနမ်းလိုက်တာဖြစ်ပြီး၊ နောက် နှာခေါင်းကို ဒုတိယအကြိမ် သိသိသာသာ ထပ်ပြီး နမ်းခဲ့ပါတယ်။ အဲဒီပွဲမှာ ဘန်လေက (၂-၀)နဲ့ အနိုင်ရရှိခဲ့ပြီး၊ အဝါကတ်(၆)ကတ်အထိ ပြသပြီး ပွဲကိုထိန်းခဲ့ရတဲ့ ပွဲကြမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

 

အခုအဖြစ်အပျက်မှာလည်း အနမ်းရှင် အက်ရှ်လေကို ဒိုင်လူကြီးမိုက်ဒိန်းက အဝါကတ်ပြသရုံသာမက၊ အနမ်းခံလိုက်ရတဲ့ ဂျိုးကိုပါ အဝါကတ်ပြသပြီး သတိပေးတားမြစ်ခဲ့တာပါ။ ပွဲရဲ့အဆုံးအဖြတ် သွင်းဂိုးတွေကို ဘန်လေတိုက်စစ်မှူး ခရစ္စဝုဒ်က တစ်ဦးတည်း နှစ်ဂိုးစလုံး သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

 

လင်းသုတ (SportAhtar)

Source : foxsportsasia.com

READ  မန်ယူအသင်းမှာ ဘယ်တုန်းကမှ မမြင်ခဲ့ရဖူးတဲ့ ပေါ့ဂ်ဘာရဲ့စကေးတွေ