ရီးယဲလ်အသင်းဟာ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်အတွက် ပေါင်(၇၄)သန်းနဲ့ စတင်ကမ်းလှမ်းလိုက်ပြီလို့ စပိန်သတင်းစာ မာကာ က ဖော်ပြလိုက်ပါတယ်။

ဒီကမ်းလှမ်းမှုဟာ တကယ်ပဲ အံ့အားသင့်စရာဖြစ်ပြီး တစ်ဖက်မှာ ဟာဇက်ကို ရဖို့  ကြိုးစားနေတဲ့အချိန်အတွင်း အူဘာမီယန် ကိုပါ တစ်ဖက်က အရကြိုးစားနေတဲ့သဘောပါ။

AFP

ဒါ့အပြင် ဇီဒန်းရဲ့ရေဒါထဲမှာ အခြားပရီးမီးယားလိဂ်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ လီဗာပူးလ်ရဲ့မာနေး တို့လည်းရှိနေပါသေးတယ်။

မာကာ သတင်းစာကတော့ ဇီဒန်းဟာ ဘေးလ်ရဲ့နေရာကို အစားထိုးဖို့အတွက် အူဘာမီယန် ကိုခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး အူဘာမီယန်၊ ဟာဇက် တို့အတွဲသာ ရီးယဲလ်ကိုရောက်လာရင် တိုက်စစ်ပိုင်းက ပိုပြီးအသက်ဝင်သွားမယ်လို့ သုံးသပ်ပါတယ်။

AFP

အခု နွေရာသီအပြောင်းအရွှေ့မှာ ရီးယဲလ်ကနေ အငှားနဲ့ ဒါမှမဟုတ် အပြီးသတ် ထွက်ခွာဖို့ရှိနေတဲ့ ဘေးလ်ရဲ့နေရာက ရီးယဲလ်အတွက် လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့ပြီးဇီဒန်း က  အဲဒီအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာပါ။

ဒီရာသီမှာ အာဆင်နယ်အသင်းတိုက်စစ်ပိုင်းအတွက် အဓိက ကျခဲ့ပြီး ဆာလက်၊ မာနေးတို့နဲ့အတူ ရွှေဖိနပ်ဆုရယူထားတဲ့ တိုက်စစ်မှူးကို မရောင်းဖို့ အာဆင်နယ်ပရိသတ်တွေက မျှော်လင့်နေကြပေမယ့် (၇၄)သန်းဆိုတဲ့ ပမာဏကတော့ အာဆင်နယ်အသင်းအတွက် စဉ်းစားစရာဖြစ်မှာ အမှန်ပါပဲ။

Linn

Source : TheSun

READ  ဂျာစီရောင်းရတဲ့ငွေနဲ့တင်ကစားသမားဝယ်လို့ရနေပြီဆိုတဲ့ အာဆင်နယ်ရဲ့ဂျာစီဒီဇိုင်းသစ်