မကြာသေးခင်က အရေးပါတဲ့ ပရီးမီယားလိဂ်ပွဲစဉ်ကို ရှုံးနိမ့်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အခုအခါမှာ လက်ရှိနည်းပြ ဆာရီရဲ့နေရာကို အစားထိုးဖို့ နောက်ထပ် နည်းပြတစ်ယောက် ရှာပုံတော်ဖွင့်နေပြီလို့ သိရပါတယ်။ ချယ်လ်ဆီးဟာ လီဗာပူးရဲ့ သွင်းဂိုးနှစ်ဂိုးကို မိနစ်ပိုင်းလေးအတွင်း ခွင့်ပြုခဲ့ရပြီး၊ လီဗာပူးတို့ ချန်ပီယံဖြစ်ဖို့ အသက်ဆက်စေခဲ့ပါတယ်။

အဲဒီပွဲမှာ ချယ်လ်ဆီးဟာ လီဗာပူးကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့လည်း မကစားနိုင်ခဲ့သလို၊ ဂိုးကန်သွင်းမှုမှာလည်း (၆)ကြိမ်သာ ရရှိခဲ့ပြီး (၃)ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်။ လီဗာပူးကတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဂိုးကန်သွင်းမှု (၁၅)ကြိမ်၊ ဂိုးပေါက်တည့်မှု (၇)ကြိမ်နဲ့ ပရိသတ်အကြိုက် ပေးဆပ်နိုင်ခဲ့တာပါ။

ချယ်လ်ဆီးဘုတ်အဖွဲဟာ ဒီပွဲအဖြေကို မကျေမနပ်ဖြစ်နေကြပြီး၊ အားနည်းချက်တွေရှိနေတဲ့ ချယ်လ်ဆီး ကစားကွက်ကို နှစ်မြို့ဟန်မရှိပါဘူး။ ဒါကြောင့်လည်း ဆာရီနေရာမှာ တစ်ခြားနည်းပြနဲ့ အစားထိုးဖို့၊ လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်ခြင်းတွေ လုပ်နေပြီလို့ သတင်းရပါတယ်။

(AP Photo/Tim Ireland)

ဆာရီရဲ့နေရာမှာ အစားထိုးဖို့ ဖြစ်တန်ခြေရှိတဲ့ နည်းပြကတော့ ဝက်ဖို့ဒ်အသင်းနည်းပြ ဇာဗီဂါစီယာဖြစ်ပြီး၊ သူကလည်း ဘောလုံးလောကမှာ ကစားသမားဘဝနဲ့ ကြင်လည်ခဲ့ရုံသာမက၊ နည်းပြအဖြစ်လည်း (၁၅)နှစ်လောက်အထိ လုပ်သက်ရထားသူပါ။

(AP Photo/Tim Ireland)

ဂါစီယာပြီးနောက် ချယ်လ်ဆီးက စိတ်ဝင်စားနေတဲ့ နည်းပြတွေထဲမှာ ဝုဗ်အသင်းနည်းပြ Nuno Espirito လည်း ပါဝင်လာပြီး လက်ရှိ ဒါဘီကောင်တီနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ချယ်လ်ဆီး ကပ္ပတိန်ဟောင်း လမ်းပတ်ကလည်း ချယ်လ်ဆီးကို မန်နေဂျာအဖြစ် ပြန်ရောက်လာနိုင်ပါတယ်။

Derby County FC

လင်းသူရိန် (SportsAhtar)

 

Source : metro.co.uk

READ  အငြင်းပွားဖွယ်မရှိ ဘူပိတ်နေတဲ့ မန်ယူတိုက်စစ်မှူး လူကာကူရဲ့ ဒီရာသီလွဲချော်မှုများ