ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိခ်ကတော့ ချယ်လ်ဆီးနဲ့အာဆင်နယ်တို့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ရဖို့ရှိနေပြန်ပါပြီ။ အမေရိကန်မှာ ကစားခဲ့တဲ့ နယူးအင်္ဂလန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်မှာ လော့ဖ်တပ်ချိခ်တစ်ယောက် ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ဘောလုံးဆွဲပြေးတဲ့ ပြိုင်ဖက်ကစားသမားနောက်ကို လိုက်ဖို့ကြိုးစားရင်း ခြေကျင်းဝတ်လည်သွားခဲ့တာပါ။

AFP

ပွဲအပြီးမှာ ခြေထောက်အတွက် အကာအကွယ်ဖြစ်စေမယ့် ကုသမှုဖိနပ်ကို ၀တ်ဆင်ပြီး ကွင်းပြင်ထွက်လာတဲ့ လော့ဖ်တပ်ချိခ် ကို မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ဒဏ်ရာက ပြင်းထန်ဖို့ရှိနေတယ်လို့ ချယ်လ်ဆီးနည်းပြ ဆာရီက ဆိုပါတယ်။

မေလ (၂၉)မှာ ကစားရမယ့် ပွဲစဉ်အမှီ ပြန်ကောင်းလာဖို့တောင် မသေချာတဲ့အနေအထားမှာရှိနေပြီး ချယ်လ်ဆီးအသင်းဆေးအဖွဲ့ကတော့ ဘာကိုမှ သေချာမပြောနိုင်သေးဘူးလို့ မှတ်ချက်ပေးပါတယ်။

AFP

ချယ်လ်ဆီးဟာ အဲဒီခြေစမ်းပွဲစဉ်မှာ (၃-၀)ဆိုတဲ့ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ကွင်းလယ်လူ ဘာကလေရဲ့သွင်းဂိုး(၂)ဂိုး၊ တိုက်စစ်မှူး ဂျီရော့ဒ်ရဲ့သွင်းဂိုးတစ်ဂိုး တို့နဲ့အတူ နိုင်ပွဲရခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးအသင်းဟာ ကစားသမားအပြောင်းအရွှေ့ပြဿနာတွေကြား ဗျာများနေပြီး ကွင်းလယ်လူ ဟာဇက်ကို ယူရိုပါလိဂ်အပြီးမှာ ဆုံးရှုံးရဖွယ်ရှိနေသလို တိုက်စစ်မှူး ဟီဂူအင် ကိုလည်း ရာသီကုန်မှာ မိခင်အသင်းဆီ ပြန်လည်စေလွှတ်ဖို့ ချယ်လ်ဆီးအသင်းက စီစဉ်နေပါတယ်။

AFP

Linn

Source : TheSun

 

READ  ဂျာစီရောင်းရတဲ့ငွေနဲ့တင်ကစားသမားဝယ်လို့ရနေပြီဆိုတဲ့ အာဆင်နယ်ရဲ့ဂျာစီဒီဇိုင်းသစ်