မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂွာဒီယိုလာကတော့ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကို ကျော်ဖြတ်ပြီး ဒီရာသီရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာမှာ ရပ်တည်စေခဲ့တဲ့ ကလော့ပ်ဟာ ဒီဆုအတွက် ရွေးချယ်ခံရမှုမှာတော့ ဂွာဒီယိုလာကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူး။

Twitter

ကလော့ပ်အပြင် စပါးအသင်းကို အပြောင်းအရွှေ့စားရိတ်လုံးဝမသုံးပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့တဲ့နည်းပြ ပိုချက်တီနိုလည်း ဂွာဒီယိုလာ ကို မယှဉ်နိုင်ဖြစ်ခဲ့ရတာပါ။

လီဗာပူးလ်အသင်းရဲ့နောက် (၇)မှတ်လျော့အနေအထားကနေ ပြန်လည်ကြိုးစားပြီး ချန်ပီယံဆု ရယူပေးခဲ့တဲ့ ဂွာဒီယိုလာကသာ အကောင်းဆုံးနည်းပြဆုနဲ့ ထိုက်တန်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပေမယ့် ချန်ပီယံလိဂ်စွမ်းဆောင်ရည်တွေကိုပါ ထည့်တွက်မယ်ဆိုရင် ကလော့ပ်ကသာ ဒီဆုကိုရသင့်တယ်လို့ တချို့က ဆိုပါတယ်။

AFP

ဖာဂူဆန်၊ မော်ရင်ဟို တို့ရဲ့နောက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့ တတိယမြောက် နည်းပြဖြစ်လာခဲ့တဲ့ ဂွာဒီယိုလာ ဟာ လက်ရှိအချိန်မှာ ကားလင်းဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ရယူထားခဲ့ပြီး လာမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ပြည်တွင်းဖလားသုံးလုံးကို ပထမဆုံးရယူနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

AFP

Linn

Source : TheSun

READ  မန်ယူ VS မန်စီးတီး ဒါဘီပွဲအပါအဝင် ပရီးမီယားလိဂ်ကြားပွဲတွေရဲ့ ပွဲကြို ခန့်မှန်းချက်များ