ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ဟာဇက်ကတော့ အာဆင်နယ်နဲ့ ကစားရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲပြီးတာနဲ့ ရီးယဲလ်အသင်းဆီ ပြောင်းဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။

စပိန်သတင်းစာ မာကာ က ဖော်ပြတဲ့ ဒီသတင်းမှာ ရီးယဲလ်အသင်းက ဟာဇက်အတွက် ပေါင် (၈၆)သန်းသာ ပေးခဲ့ရပြီး အသက် (၂၈)နှစ်အရွယ် ကစားသမားဟာ ဒီဈေးနှုန်းထက် ပိုမိုမြင့်မားတဲ့ပမာဏနဲ့ထိုက်တန်တယ်လို့ သုံးသပ်ရေးသားခဲ့တာပါ။

EPA

ဟာဇက်ကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းကနေ ထွက်ခွာတော့မယ်လို့ အသင်းဖော်တွေကို အသိပေးထားခဲ့ပြီး နည်းပြ ဆာရီကိုယ်တိုင်ကလည်း ဒီအပြောင်းအရွှေ့က ဖြစ်လာတော့မယ့်အကြောင်း ၀န်ခံထားခဲ့တာပါ။

ဒီရာသီရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အပြီးမှာ ဟာဇက်က “ ကျွန်တော့်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲမှာပြောခဲ့ပြီးသားပါ။ လက်ရှိအခြေအနေက ကျွန်တော်ဆုံးဖြတ်ရမယ့် ကိစ္စဆိုပေမယ့် ကလပ်နဲ့လည်း သက်ဆိုင်ပါတယ်။ ပရိသတ်တွေက ကျွန်တော့်ကို ဒီမှာဆက်ရှိစေချင်ကြပေမယ့် အဲဒါက ခက်ခဲတဲ့ဆုံးဖြတ်ချက် ဖြစ်လာမလားဆိုတာ မသိသေးပါဘူး” လို့ ပြောခဲ့တာပါ။

AP

ချယ်လ်ဆီးအသင်းကို (၂၀၁၂)ခုနှစ်ကတည်းက ရောက်ရှိလာခဲ့ပြီး အသင်းအတွက် (၆)နှစ်ကျော် ကစားပေးခဲ့တဲ့ ဟာဇက်ဟာ ချယ်လ်ဆီးအတွက် ပွဲပေါင်း (၂၄၅)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး (၈၅)ဂိုး သွင်းယူပေးထားခဲ့တာပါ။

Twitter

Linn

Source : Marca

READ  ကာဒစ်ဖ်နဲ့ပွဲမှာ ဆိုးလ်ရှားဘယ်လိုညွှန်ကြားခဲ့သလဲဆိုတာ ဖော်ထုတ်လိုက်တဲ့မာတစ်