စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ မနေ့ညက ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာ ဟန်ဆောင်ဒိုင်ဗင်ကြောင့် အ၀ါကတ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်းမှာ ပြသခံခဲ့ရတဲ့ အ၀ါကတ်ကြောင့် ဆွန်ဟောင်မင်ဟာ စပါးအသင်းမှာ ဒိုင်ဗင်ကြောင့် အ၀ါကတ်အပြခံရတဲ့ စတုတ္ထမြောက်ကစားသမားအဖြစ် ရောက်ရှိသွားခဲ့ပါတယ်။

SkySports

ပွဲချိန် (၁၅)မိနစ်မှာ မက်ဂွိုင်းယားရဲ့ဖျက်ထုတ်မှုကနေ ပင်နယ်တီရဖို့ ကြိုးစားခဲ့တဲ့ ဆွန်ဟောင်မင်ရဲ့ လှဲချမှုကို ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာ က ဟန်ဆောင်မှုအဖြစ်သာ ဆုံးဖြတ်ခဲ့ပြီး ဆွန်ဟောင်မင် ကို အ၀ါကတ် ပြသသွားခဲ့ပါတယ်။

SkySports

ဒီရာသီ ပရီးမီးယားလိဂ်မှာ စပါးအသင်း ကစားသမားတွေဟာ ဟန်ဆောင်ဒိုင်ဗင်ကြောင့် အ၀ါကတ်တွေ ပြသခြင်းခံထားရပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်း ၊ လူးကပ်စ်မိုရာနဲ့ ဒန်နီရို့စ် တို့ဟာ အ၀ါကတ်တွေ ပြသခံထားရတာပါ။

SkySports

အခုအချိန်မှာတော့ ဆွန်ဟောင်မင်တစ်ယောက်ပါ ဟန်ဆောင်ဒိုင်ဗင်ကြောင့် အ၀ါကတ် ပြသခံရသူ စာရင်းထဲ ပါဝင်သွားခဲ့ပါပြီ။ ဒီရာသီ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ဟန်ဆောင်ဒိုင်ဗင်ပစ်မှုကြောင့် အ၀ါကတ်ပြခံရသူအများဆုံး အသင်းအဖြစ် စပါးအသင်း ရပ်တည်သွားခဲ့သလို ပြိုင်ဖက်အသင်းပရိသတ်တွေကလည်း စပါးကစားသမားတွေရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။

 

Linn

Source : TheSun

READ  ကစားသမားတွေဆီပို့ခဲ့တဲ့မက်ဆေ့ခ်ျတစ်စောင်ကြောင့် လှောင်ပြောင်ခံနေရတဲ့ဆာရီ