ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့်(၆)နေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ မန်ယူအသင်းအတွက်တော့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့ပြန်ပါပြီ။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးသွားတဲ့ မန်စီးတီးအသင်းဟာ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို ဆုံးရှုံးရဖွယ်ရှိနေပြီး အဲဒီအခြေအနေက မန်ယူအတွက် အခွင့်အရေးတွေ ဖြစ်လာနိုင်တာပါ။

AP

UEFA က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်ကလပ် (၄)သင်းအထိ ယှဉ်ပြိုင်ခွင့်ပြုထားတာကြောင့် မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရရင် မန်ယူအသင်းဟာ လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါး တို့နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရရှိသွားဖို့ရှိနေတာပါ။

ဒါပေမယ့်လည်း ဒီအခွင့်အရေးက အာဆင်နယ်အသင်းနဲ့လည်း သက်ဆိုင်နေသေးပြီး အာဆင်နယ်အသင်းက ယူရိုပါလိဂ်မှာ ချယ်လ်ဆီးကိုနိုင်ကာ ဗိုလ်စွဲသွားမှသာ မန်ယူတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။ အာဆင်နယ်သာ ယူရိုပါလိဂ်ချန်ပီယံဖြစ်သွားရင် ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရရှိသွားမှာဖြစ်ပြီး မန်ယူကတော့ မန်စီးတီးရဲ့လစ်လပ်သွားတဲ့နေရာကို ရဖို့ မျှော်လင့်ချက်ရှိလာနိုင်တာပါ။

AFP

ဒါပေမယ့်လည်း ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်က ချယ်လ်ဆီးကို ရှုံးခဲ့မယ်ဆိုရင်တော့ သူတို့က အဆင့်(၅)နေရာနဲ့အဆုံးသတ်သွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း သူတို့ပဲ ရရှိသွားဖို့ ရှိနေတာပါ။

ဒါပေမယ့် မန်စီးတီးအသင်းအတွက် စစ်ဆေးမှုတွေက လနဲ့ချီ ကြာမြင့်ဦးမှာဖြစ်ပြီး အရေးယူမှုရှိမယ်ဆိုရင်တောင် လာမယ့်ရာသီမှာမှ ဖြစ်လာနိုင်တာမို့  မသေချာသေးတဲ့ အခြေအနေတွေလို့ပဲ လက်ရှိမှာ သုံးသပ်ထားကြပါတယ်။

TheSun

Linn

Source : Goal

READ  ပရိသတ်တွေအတွက် ထိတ်လန့်စရာဖြစ်ခဲ့တဲ့ ဘယ်လာရင်ရဲ့ဒဏ်ရာဓာတ်ပုံတွေ