လာမယ့် အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို ကျိန်းသေပေါက် ပြုလုပ်မှာဖြစ်တယ်လို့ မန်ယူအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်က ကတိပေးခဲ့ပြီးတဲ့နောက် မန်ယူခေါ်ယူမယ့် ကစားသမားစာရင်းဟာ မကြာခဏဆိုသလို ထွက်ပေါ်လာနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းကပဲ မန်ယူလိုချင်နေတဲ့ ကစားသမား (၄)ယောက်ဆိုပြီး ခံစစ်နဲ့ ကွင်းလယ်ကစားသမား (၄) ဦး ထွက်ပေါ်လာခဲ့သေးတာပါ။

SkySports

လက်ရှိအချိန်မှာတော့ မန်ယူဟာ တိုက်စစ်ပိုင်းအတွက် ဆီးဗီးလားတိုက်စစ်မှူး ဘန်ယက်ဒါ ကိုခေါ်ယူဖို့ အံ့အားသင့်ဖွယ်ကြိုးစားနေပြီဖြစ်တယ်လို့ စပိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။

ဘန်ယက်ဒါဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ မန်ယူအသင်းဖက်ကို (၂) ဂိုးသွင်းပြီး ပြိုင်ပွဲကနေ ထွက်စေခဲ့သူပါ။

အသက် (၂၈)နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့ အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်နေရတယ်လို့တောင် ပြောလို့ရပြီး ဒီရာသီရဲ့ ပြိုင်ပွဲစုံ (၃၇)ပွဲမှာ သွင်းဂိုး (၂၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

AFP

နည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်သွားဖို့ စီစဉ်နေပြီး ဆန်းချက်ဇ်ရဲ့ နေရာမှာ တိုက်စစ်မှူးတစ်ယောက်ကို အစားထိုးဖို့ ကြိုးစားလာခဲ့တာပါ။

အာဆင်နယ်အသင်းကစားသမားဟောင်း ရေးပါလာ ကဆို မန်ယူအသင်းအနေနဲ့ ဆန်းချက်ဇ်နဲ့ ဂါရက်ဘေးလ်တို့ကို အလဲအထပ်လုပ်သင့်တယ်လို့ မှတ်ချက်ပေးလိုက်ပြီး ဒီလိုဆိုရင် မန်ယူနဲ့ ရီးယဲလ်နှစ်သင်းလုံး အကျိုးရှိသွားမယ်လို့ သုံးသပ်ခဲ့တာပါ။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဘန်ယက်ဒါက ဘေးလ်ထက်ပိုပြီး မန်ယူဆီရောက်ဖို့ နီးစပ်လာနေတာပါ။

တူနီးရှားနွယ်ဖွားတစ်ဦးဖြစ်ပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားပေးနေတဲ့ ဘန်ယက်ဒါ ဟာ ဖူဆယ်ကစားရာမှာ ကျွမ်းကျင်တဲ့ဘောလုံးသမားဖြစ်တာကြောင့် ဘောလုံးထိန်းသိမ်းမှုနဲ့ ဂိုးသွင်းမှုတွေမှာတော့ ပြောစရာမလိုလောက်အောင်ပါပဲ။

ဆီးဗီးလားအသင်းကတော့ ဘန်ယက်ဒါဟာ အနည်းဆုံး သန်း(၅၀)တန်တဲ့ ကစားသမားဖြစ်တယ်လို့ ဖွင့်ဟထားပြီး မန်ယူအသင်းရဲ့ချိတ်ဆက်မှုတွေနဲ့ ပတ်သက်လို့တော့ အတည်ပြုပေးခဲ့ခြင်း မရှိသေးဘူးလို့ Marca က ဖော်ပြပါတယ်။

Linn

Source : Marca

READ  အဆင့်(၄)ထဲဝင်ဖို့ကြိုးစားနေတာမဟုတ်ပဲ ဆုဖလားယူဖို့ကြိုးစားနေတာလို့ဆိုးလ်ရှားပြော