မုန့်ဖိုးရယ်လို့လည်းမဟုတ်ဘူးလေ။ ဘယ်လိုပြောရမလဲ။ ကျေးဇူးတင်လို့ပေးတာပေါ့။ အဲဒီသဘောပါပဲ။

မန်ယူအသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ ဒီဂီယာသာ ဒီအပြောင်းအရွှေ့မှာ PSG ကို ပြောင်းပေးမယ်ဆိုရင် သူ့အတွက် အပိုဆုကြေး ပေါင်သန်း(၂၀)ထည့်ပေးလိုက်ဖို့ စီစဉ်နေတယ်လို့ TheSun က ဖော်ပြသွားတာပါ။

လာမယ့်ဘောလုံးရာသီကုန်ဆုံးရင် မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီဂီယာ ကို PSG က ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)ကနေ (၇၅)သန်းကြား အသုံးပြု ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

 

ဒါပေမယ့် ဒီရာသီမှာသာ အပြောင်းအရွှေ့ ဖြစ်မလာခဲ့ဘူးဆိုရင် လာမယ့်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာမို့ မန်ယူတို့ ဒီဂီယာအတွက် တစ်ပြားမှ မရပဲ လက်လွှတ်လိုက်ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။

တကယ်တော့ PSG ကလည်း အဲဒီအခြေအနေကို စောင့်နေတာပါ။ သူတို့က ဒီဂီယာနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု အရင်ယူထားပြီး စာချုပ်သက်တမ်းကုန်မှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လစာများများပေးပြီးခေါ်မယ်ဆိုတဲ့ အစီအစဉ်က ရှိထားပြီးသားပါ။

(AP Photo/Rui Vieira)

အဲဒီအတွက် မန်ယူအသင်းက ဒီအပြောင်းအရွှေ့မှာပဲ ဒီဂီယာ ကိုရောင်းချဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ဒီဂီယာသာ PSG ကို လိုလိုလားလားပြောင်းရွှေ့သွားရင် သူ့အတွက် ပေါင်သန်း(၂၀)ကို ဆုကြေးအဖြစ် ထည့်ပေးလိုက်ဖို့ ပြင်ဆင်နေတာပါ။

PSG အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းအတွက် ပွဲထွက်ပေးခဲ့တဲ့ ဂိုးသမား ဘူဖွန်နဲ့ လမ်းခွဲလိုက်ပြီးနောက် ဂိုးသမားသစ်တစ်ဦးကို အရေးပေါ်ရှာဖွေနေခဲ့ပြီး ဒီဂီယာ ဟာ PSG အတွက် အဖြစ်နိုင်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

PSG ဟာ စပါးအသင်းရဲ့အသက် (၃၂)နှစ်အရွယ် ဂိုးသမား လိုရစ် ကိုလည်း စောင့်ကြည့်နေပြီး စပါးအသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် လိုရစ်ဟာ PSG ရဲ့ ဒုတိယပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

မန်ယူအသင်းကနေ ထွက်ခွာချင်ကြောင်း ဖွင့်ဟခဲ့တဲ့ ဒီဂီယာတစ်ယောက် တကယ်ပဲ အသင်းကနေ ထွက်သွားမလား၊ ဒီအပြောင်းအရွှေ့မှာ မန်ယူအသင်းရဲ့ ဂိုးသမားအပြောင်းအလဲတွေ မြင်တွေ့ရမလားဆိုတာကတော့….။

(AP Photo/Rui Vieira)

Linn

Source : TheSun

READ  အ၀တ်လဲခန်းထဲမှာ ဘိုင်လီကို ဂျင်းထည့်ခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ ဗီဒီယို