မန်ယူအသင်းက တိုက်စစ်မှာ ခြေစွမ်းမပြနိုင်တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ ရဲ့နေရာမှာ လိုင်ယွန်တိုက်စစ်ကစားသမား ဒမ်ဘီလီနဲ့အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ TheSun သတင်းစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ စွမ်းဆောင်မှုတွေအရ ဒမ်ဘီလီဟာ လူကာကူထက် သာလွန်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသထားခဲ့ပြီး လိဂ်သွင်းဂိုး(၁၄) ဂိုးအထိ သွင်းယူပေးထားခဲ့တာပါ။

TheSun

အသက် (၂၂)နှစ်သာရှိသေးတဲ့ တိုက်စစ်မှူး ဒမ်ဘီလီအတွက် မန်ယူက ပေါင် သန်း(၄၀)အသုံးပြုဖို့ ပြင်ဆင်နေခဲ့ပြီး လူငယ်ကစားသမားတွေကိုသာ အသင်းမှာထားချင်တဲ့ နည်းပြ ဆိုးလ်ရှားအတွက် ဖြစ်လာနိုင်တဲ့ ခေါ်ယူမှုပဲလို့ TheSun က သုံးသပ်ခဲ့တာပါ။

ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အပြီးမှာ အသင်းစွမ်းဆောင်ရည်ကို စိတ်ပျက်နေတဲ့ ဆိုးလ်ရှားက လက်ရှိလူစာရင်းထဲကနေ ကစားသမားတစ်ဝက်လောက်ကို အသင်းကနေ ဖယ်ထုတ်သွားမယ်လို့ ပြောဆိုထားခဲ့ပြီး ဒီအပြောင်းအရွှေ့က မန်ယူအသင်းဘယ်လိုမျိုး ပြန်လည်တည်ဆောက်မလဲဆိုတာ ကြည့်ရှုရမယ့်အချိန်ပါ။

AFP

မန်ယူရဲ့ချဉ်းကပ်မှုထဲမှာ လိုင်လီအသင်းရဲ့တောင်ပံကစားသမား နီကိုလပ်စ် ပီပီ ၊ ဆွမ်ဆီးတောင်ပံကစားသမား ဒမ်ဂျိမ်းစ် တို့ရှိနေပြီး လက်တွေ့အကျဆုံးကတော့ ဒမ်ဘီလီ ပဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

လိုင်ယွန်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ဒမ်ဘီလီ ကို ဆဲလ်တစ်အသင်းကနေ ခေါ်ယူလိုက်တာဖြစ်ပြီး သူ့ရဲ့ပထမဆုံးရာသီမှာပဲ လီဂူး(၁) သွင်းဂိုး (၁၄)ဂိုးအပါအ၀င် စုစုပေါင်း သွင်းဂိုး(၂၀) သွင်းပြခဲ့လို့  အထင်ကြီးစရာ ခြေစွမ်းဖြစ်ခဲ့ပါတယ်။

AP

မန်ယူဟာဒီမာရီယာ ၊ လူကာကူ နဲ့ ပေါ့ဂ်ဘာတို့ကို ခေါ်ယူရင်း အသင်းရဲ့တန်ဖိုးကြီးအပြောင်းအရွှေ့စံချိန်တွေကို တစ်ဆင့်ထက်တစ်ဆင့် မြင့်စေခဲ့ပေမယ့် ဆိုးလ်ရှားကတော့ တန်ဖိုးကြီးကစားသမားတွေထက် အသင်းနဲ့အံဝင်မယ့်သူတွေကိုသာ ရွေးချယ်ချင်နေခဲ့တာပါ။

Linn

Source : TheSun

 

 

READ  ဆန္ဒပြဖို့ကြိုးစားနေတဲ့ချယ်လ်ဆီးပရိသတ်တွေကြောင့် သောကရောက်နေရတဲ့ဆာရီ