မန်ယူအသင်းရဲ့နည်းပြ မော်ရင်ဟိုကတော့ ရာသီကြိုခြေစမ်းပွဲတွေမှာ ကစားနေတဲ့ အသင်းရဲ့ ကစားပုံကို သဘောမကျဖြစ်နေပြီး ကစားသမားသစ် ထပ်မံခေါ်ယူဖို့အတွက် ဂလေဇာမိသားစုဆီ ခွင့်တောင်းလိုက်တယ်လို့ Dailymail သတင်းစာက ဖော်ပြပါတယ်။ ဒီနှစ်ရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်လူ ဖရက်ဒ်၊ နောက်ခံကစားသမားဒါလော့နဲ့ ဂရန့်တို့ကိုခေါ်ယူခဲ့တဲ့ မန်ယူအသင်းဟာ အပြောင်းအရွှေ့အတွက် ပေါင် (၇၅) သန်းအသုံးပြုခဲ့ပြီးပါပြီ။

တစ်ဖက်မှာလည်း လီဗာပူးလ်၊ အာဆင်နယ်တို့က ကစားသမားသစ်တွေ အလုံအလောက် ဖြည့်တင်းနေကြချိန်မှာ မော်ရင်ဟိုက ခံစစ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းပိုင်ရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ကစားသမားတချို့ ထပ်မံခေါ်ယူပေးဖို့ ကတိပြုခဲ့တယ်လို့ မန်ယူအသင်းရဲ့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ မန်ယူအသင်းအနေနဲ့ အသင်းက ထွက်ခွာလိုနေတဲ့ မာရှယ်ကို ပေါင် သန်း (၆၀) ၀န်းကျင်နဲ့ ရောင်းချသွားဖို့ စီစဉ်နေပြီး အဲဒီကရတဲ့ ပိုက်ဆံနဲ့ ကစားသမားသစ် ထပ်မံခေါ်သွားဖို့လည်းရှိနေပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုဟာ စပါးအသင်းရဲ့နောက်ခံလူ အယ်ဒါဝီး၊ လက်စတာရဲ့ မက်ဂွိုင်းယား တို့ကို သူ့ရဲ့နံပတ်တစ်စာရင်းထဲမှာ ထည့်သွင်းထားခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်သွားဖို့ ပြင်ဆင်နေတာပါ။
ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့က သြဂုတ်လ (၉) ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပြီး မော်ရင်ဟို အနေနဲ့ အဲဒီရက်မတိုင်ခင်မှာ နောက်ခံလူတစ်ယောက် အသင်းကို ထပ်မံရောက်ရှိလာဖို့ မျှော်လင့်နေပါတယ်။

Linn
Source : Dailymail