ပြီးခဲ့တဲ့လထဲမှာ ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီးပွဲမှာ အသားလွတ်ကြီး နာမည်ကြီးသွားခဲ့သူ တစ်ယောက်ရှိပါတယ်။ သူကတော့ အဲဒီပွဲကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဆရာကြီး မိုက်ဒိန်းပါ။ ဒိုင်လူကြီးဘ၀မှာ အနီကတ် (၉၉)ကတ်အထိ ပြသထားခဲ့တဲ့ မိုက်ဒိန်းအတွက် သူ့ရဲ့ (၁၀၀)မြောက် အနီကတ်ကို ဒီပွဲမှာ ရရှိလိမ့်မယ်လို့ သုံးသပ်မှုတွေရှိခဲ့ပေမယ့် မိုက်ဒိန်းကတော့ စိတ်ညစ်စရာတွေအစား၊ ပျော်စရာတွေသာ ယူဆောင်လာခဲ့ပါတယ်။

Twitter

ပွဲချိန် (၅၆)မိနစ် ၊ စတာလင်ကို ချယ်လ်ဆီးနောက်ခံလူ အက်ဇ်ပီလီကွီတာ တားဆီးလိုက်ချိန်မှာ မိုက်ဒိန်းက ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် မိုက်ဒိန်းရဲ့ အမူအရာဟာ ရိုးရိုးပုံစံနဲ့ မဟုတ်ပဲ ဒစ္စကို ကကွက်တစ်ခုရဲ့ ပုံစံနဲ့ ပင်နယ်တီအမှတ်ကို ညွှန်ပြခဲ့တာမို့ တွစ်တာမှာ နာမည်ကြီးသွားခဲ့ရတာပါ။

ဂိုးဧရိယာအစပ်နားကနေ ပြေးလာခဲ့ပြီး ပင်နယ်တီအမှတ်ကို လက်နဲ့ညွှန်ပြခဲ့တဲ့ မိုက်ဒိန်းရဲ့ ပုံစံဟာ လုံးဝကို အထာကျလွန်းတယ်လို့ ပရိသတ်တွေက သတ်မှတ်လိုက်ကြပါတယ်။

တွစ်တာပေါ်မှာတော့ ဒါဟာ မိုက်ဒိန်းရဲ့ ကမ္ဘာကြီးဖြစ်ပြီး အားလုံးကို ပျော်ရွှင်အောင် လုပ်ပေးနေတယ်လို့တောင် မှတ်ချက်တွေ ပေးနေကြတာပါ။

မိုက်ဒိန်းရဲ့ ဖျော်ဖြေမှုတွေက ဒီလောက်နဲ့တင် ရပ်မသွားသေးပါဘူး။ ပွဲအပြီးမှာ Hat-Trick သွင်းယူခဲ့တဲ့ အဂွီရိုကို ဘောလုံးမပေးပဲ သူ့ရဲ့အင်္ကျီနောက်ကျောထဲမှာ ဘောလုံးကို ထည့်ဖွက်ထားပြီး ဟာသလုပ်ခဲ့တာကိုလည်း ရုပ်သံပြကွက်တွေက ပြသသွားခဲ့ကြပါသေးတယ်။

SkySports

ပရိသတ်တွေကတော့ မိုက်ဒိန်းဟာ မန်စီးတီးအသင်းနဲ့အတူ ပျော်ရွှင်နေပြီး သူ့ရဲ့ပျော်ရွှင်မှုဟာ မန်စီးတီးနည်းပြနဲ့ ကစားသမားတွေထက်တောင် ပိုနေဦးမယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

Source : Dailymail

READ  မန်ယူ VS မန်စီးတီး ဒါဘီပွဲအပါအဝင် ပရီးမီယားလိဂ်ကြားပွဲတွေရဲ့ ပွဲကြို ခန့်မှန်းချက်များ