လီဗာပူးလ်အသင်းက ဘုန်းမောက်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး နောက်နေ့မှာတော့ လီဗာပူးလ်အသင်းဖော်တွေဟာ အံ့အားသင့်ဖွယ်ကိစ္စတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒါကတော့ လီဗာပူးလ်တိုက်စစ်မှူး ဆာလက် ကြောင့်ဖြစ်ပြီး ဘုန်းမောက်နဲ့ပွဲမှာ တတိယမြောက်ဂိုး သွင်းယူခဲ့တဲ့ ဆာလက် ဟာ သူ့ရဲ့ အမှတ်တံဆိပ်လို့တောင်ပြောရမယ့် မုတ်ဆိတ်မွှေးတွေ၊ ပါးသိုင်းမွှေးတွေကို ပြောင်စင်အောင်ရိတ်ပြီး လေ့ကျင့်ရေးကွင်းဆီ ရောက်လာခဲ့တာပါ။

Instagram

ဆာလက်က သူ့ရဲ့ဓာတ်ပုံကိုလည်း အင်စတာဂရမ်ပေါ်ကို တင်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။

ပရိသတ်တွေကတော့ မုတ်ဆိတ်မွှေးတွေမရှိတဲ့ ဆာလက်ကို ကြည့်ရတာ အခွံမရှိတဲ့လိပ်ကို မြင်ရတဲ့အတိုင်းပဲ လို့တောင် မှတ်ချက်ပေးခဲ့ကြပြီး သူတို့ရဲ့မျက်လုံးထဲမှာ ထူးဆန်းလို့နေကြပါတော့တယ်။

လီဗာပူးလ်အသင်းမှာ ဆာလက်နဲ့ အခင်ဆုံးဖြစ်တဲ့ လိုဗရန်ကတော့ သူ့ရဲ့ တွစ်တာအကောင့်မှာ ဆာလက်တစ်ယောက်အသင်းကနေ ထွက်သွားပြီး သူ့မှာ သူငယ်ချင်းအသစ်ရနေပြီလို့ ဟာသလုပ်ပြီးတော့တောင် သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံကို တင်ခဲ့ပါသေးတယ်။

Instagram

လီဗာပူးလ်အသင်းဖော်တွေကလည်း ဆာလက်ရဲ့ ပုံစံကို လှောင်ပြောင်နေကြပြီး လီဗာပူးလ်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဖာမီနိုကလည်း သူ့ရဲ့ တွစ်တာအကောင့်ကနေ ဆာလက်ကို ကြည့်ရတာ တကယ်ပဲ မပျော်မရွှင် ဖြစ်မိတယ်လို့ ဟာသလုပ်ရေးသားသွားခဲ့ပါတယ်။

ဆာလက်ဟာ ချယ်လ်ဆီးအသင်းရဲ့ကစားသမားအဖြစ်ကနေ ထွက်ခွာလာပြီးတဲ့နောက်ပိုင်း မုတ်ဆိတ်မွှေးတွေ၊ ပါးသိုင်းမွှေးတွေထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နှစ်တွေ တော်တော်ကြာတဲ့အထိ သူ့ရဲ့ပင်ကိုယ်စတိုင်အဖြစ် ထိန်းသိမ်းထားခဲ့တာပါ။

Instagram

Linn

Source : Dailymail

READ  ကားဘီးတွေအခိုးခံရလို့ ဒေါသ ငယ်ထိပ်ရောက်နေတဲ့ ၀ုဗ် နောက်ခံလူ