မန်ယူအသင်းပရိသတ်တွေအတွက်တော့ ရာသီသိမ်းခါနီးပွဲစဉ်တွေဟာ တကယ့်ကို ငရဲပါပဲ။ ရာသီသိမ်းခါနီး၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုနေချိန်မှာပဲ မန်ယူဟာ တန်းဆင်းသွားတဲ့အသင်းတွေဆီကနေ အမှတ်မယူနိုင်ပဲ သူတို့ကတောင် အမှတ်တွေ ပြန်ပေးခဲ့ရတဲ့အထိ အခြေအနေဆိုးခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် မနေ့ညက ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာတော့ တန်းဆင်းသွားပြီးသားဖြစ်တဲ့ ကာဒစ်ဖ်အသင်းကို အနိုင်ကန်လိမ့်မယ်လို့ ပရိသတ်တွေ မျှော်လင့်ထားခဲ့ကြပေမယ့်လည်း မန်ယူဟာ ကာဒစ်ဖ်ကို (၀-၂)ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်ရှုံးခဲ့ပြန်တယ်။

AFP

မန်ယူအသင်းပရိသတ်တွေကတော့ အသင်းကစားသမားတွေရဲ့ ကစားပုံကို ဒေါသထွက်ခဲ့ကြပြီး ပွဲအပြီးမှာ အော်ဟစ်ဝေဖန်ကုန်ကြပါတော့တယ်။ ပရိသတ်တွေကို နှုတ်ဆက်ဖို့ ပွဲကြည့်စင်အနီးကို ရောက်လာခဲ့တဲ့ ဘောလုံးသမားတွေကို ပရိသတ်တွေက ဆဲဆိုခဲ့ကြပြီး အထူးသဖြင့် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပျောက်ဆုံးသွားခဲ့တဲ့ ပေါ့ဂ်ဘာကို မန်ယူပရိသတ်တွေက ပစ်မှတ်ထားခဲ့ကြတာပါ။

တွစ်တာပေါ်မှာ နာမည်ကြီးနေတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ မန်ယူအသင်းပရိသတ်တစ်ဦးဟာ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းပျောက်ဆုံးနေမှုကို ပွဲကြည့်စင်ပေါ်ကနေ မေးခွန်းထုတ်နေပြီး အော်ဟစ်ဆဲဆိုနေခဲ့တာပါ။

Twitter

ဒါပေမယ့် ပေါ့ဂ်ဘာကတော့  သူလည်းမတတ်နိုင်ဘူးဆိုတဲ့ အမူအရာမျိုးနဲ့ ပရိသတ်ကို တုန့်ပြန်သွားခဲ့ပြီး သူ့ပုံစံက ပရိသတ်တွေကို လေးစားမှုမရှိတဲ့ပုံစံလို့ ဝေဖန်မှုတွေထွက်ပေါ်နေခဲ့တာပါ။

အသက် (၂၆)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ မန်ယူအသင်းကို ဆိုးလ်ရှားတစ်ယောက်ရောက်ရှိလာခါစ အချိန်တုန်းက သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တော်အဖြစ် ပြန်လည်ရောက်ရှိခဲ့ဖူးတာပါ။

ဒါပေမယ့် ရာသီသိမ်းခါနီးပွဲစဉ်တွေမှာတော့ သူ့ရဲ့ကစားပုံက အသင်းအတွက် ပေးဆပ်လိုစိတ်မရှိတဲ့ ကစားပုံမျိးလို့ ပရိသတ်တွေက ယူဆနေကြပြီး ပေါ့ဂ်ဘာကိုရောင်းချဖို့အထိတောင် အသင်းကို တိုက်တွန်းနေခဲ့ကြတာပါ။

Linn

Source : TheSun

 

READ  လီဗာပူးလ်ပရိသတ်တွေကို ပျော်ရွှင်သွားစေတဲ့ အယ်လ်ဒါဝီးရဲ့ Own Goal