ဒီတစ်ပတ် ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ ပွဲစဉ်အပြီးမှာ ပရိသတ်တွေ ပြောဆိုနေကြတဲ့ အကြောင်းအရာကတော့ ဂိုးဧရိယာ (၂)ခုကို (၁၀)စက္ကန့်အတွင်း အရောက်ပြေးနိုင်ခဲ့တဲ့ ဗန်ဒိုက် အကြောင်းပါပဲ။

လီဗာပူးလ်အသင်းရဲ့ အဓိက နောက်ခံကစားသမားဟာ ဘုန်းမောက်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်ဂိုးစည်းထဲကနေ ပြိုင်ဖက်အသင်းရဲ့ ဂိုးစည်းထဲကို (၁၀) စက္ကန့်အတွင်း ရောက်အောင် ပြေးသွားခဲ့ပြီး ဒီပြေးနှုန်းဟာ ပရီးမီးယားလိဂ်မှာ အမြန်ဆုံးလားလို့ ပရိသတ်တွေ ဝေခွဲမရအောင် ဖြစ်နေကြပါတယ်။

NBC

အဲဒီ ပွဲရဲ့ ပွဲချိန် (၈၅)မိနစ်မှာ လီဗာပူးလ်အသင်းက ဘုန်းမောက်အသင်းဖက်ကို တန်ပြန်တိုက်စစ်ကစားဖို့ ကြိုးစားခဲ့တာဖြစ်ပြီး လီဗာပူးလ်ဂိုးဧရိယာထဲမှာ ဘောလုံးကို ဖျက်ထုတ်နေတဲ့ ဗန်ဒိုက်ဟာ အသင်းဖော်တွေ ဘောလုံးရသွားတာနဲ့ တပြိုင်နက်တည်း တစ်ဖက်အသင်းရဲ့ ဂိုးဧရိယာဆီရောက်အောင် ပြေးပါတော့တယ်။

NBC

ဗန်ဒိုက်အတွက်တော့ ဒီ ကြိုးစားမှုဟာ အချိန် (၁၀) စက္ကန့်သာ ကြာပြီး ပြိုင်ဖက်အသင်း ဂိုးသမားနဲ့ နောက်ခံလူတွေကို အခက်တွေ့အောင်လုပ်ဖို့ တစ်ဖက်ဂိုးစည်းထဲရောက်ရှိသွားခဲ့တာပါ။

ပရိသတ်တွေက ဗန်ဒိုက်ရဲ့ ကြိုးစားမှုအတွက် သြဘာပေးခဲ့ကြပြီး ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ နစ္စတယ်ရွိုင်း ၊ ဘားကမ့် တို့လိုမျိုး ကစားသမားဖြစ်တယ်လို့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

NBC

Linn

Source : Sportsbible

READ  မန်ယူရဲ့ တစ်ပတ် ပေါင် (၅၀၀,၀၀၀)တန် ၊ ဂိုးပေါက် ပျောက်ဆုံးနေသူကြီး ဆန်းချက်ဇ်