စပိန်အခြေစိုက် အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ AS သတင်းစာမှာ လီဗာပူးတိုက်စစ်မှူး ဆာလက်ဟာ အသင်းနည်းပြ ကလော့ပ်နဲ့ အဆင်မပြေတာကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ သေချာနေပြီလို့ ဖော်ပြထားပါတယ်။

ဒီသတင်းကြောင့် လီဗာပူးပရိသတ်တွေ တုန်လှုပ်စရာ ဖြစ်ခဲ့ပြီး၊ တာဝန်ရှိသူတွေကတော့ ဆာလက် ပြောင်းရွှေ့မယ့်တောင်းဆိုမှုကို ပယ်ချခဲ့တယ်လို့ AS သတင်းစာမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ AS သတင်းစာရဲ့ ဖွသတင်းဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူက တုန့်ပြန်ခဲ့ပါတယ်။

(AP Photo/Armando Franca)

ဆာလက်ရဲ့အေးဂျင့် Ramy Abbas Issa က ဒီသတင်းနဲ့ပတ်သက်ပြီး တွစ်တာပေါ်ကနေ AS သတင်းစာကို လှောင်ပြောင်ခဲ့ပါတယ်။ Mirror သတင်းစာကလည်း တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဒီသတင်းဟာ အခြေအမြစ်မရှိဘဲ၊ အလွန်ရယ်စရာကောင်းတဲ့ သတင်းဖြစ်ကြောင်း ဖြေကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

AS သတင်းစာမှာ ဆာလက်ရဲ့ အပြောင်းအရွှေ့ ကောလာဟလသတင်းနဲ့အတူ ရီးယဲလ်က သူ့ကို အမြန်ခေါ်ဖို့ ကြိုးစားဖွယ်ရှိနေကြောင်းပါ ဖော်ပြထားပါတယ်။ အဲဒီသတင်းကိုလည်း ရီးယဲလ်ဘက်က အတည်ပြုမထားတာကြောင့် အခုတလော လှုပ်ခတ်နေတဲ့ သတင်းဟာ AS ရဲ့အဖွသက်သက်သာ ဖြစ်တယ်လို့ ယူဆရမှာပါ။

(AP Photo/Luis Vieira)

လင်းဇော်ကို (SportAhtar)

Source : mirror.co.uk

READ  ဖာဂူဆန်အတွက် သီးခြားကားရပ်ရန်နေရာကို လွှဲပြောင်းရယူဖို့ ငြင်းပယ်ခဲ့တဲ့ ဆိုးလ်ရှား