မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ယာယီနည်းပြဘ၀ကို စတင်ရောက်ရှိလာချိန်ကတည်းကစလို့ ပွဲစဉ်တစ်ပွဲပြီးတိုင်းမှာ နည်းပြဟောင်း ဖာဂူဆန်နဲ့အတူသောက်လေ့ရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားဟာ မန်ယူအသင်းကစားခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ပြီးတိုင်းမှာ သူ့ရဲ့နည်းပြဟောင်း ဖာဂူဆန်ရဲ့ နေအိမ်ကို သွားရောက်လေ့ရှိပြီး အသင်းရဲ့ကစားပုံနဲ့ပတ်သက်လို့ အတူသောက်ပြီး ဆွေးနွေးခဲ့ကြတာပါ။

Man U FC

မန်ယူအသင်းကို (၁၀) စုနှစ် (၃)ခုနီးပါး ကိုယ်တွယ်လာခဲ့တဲ့ အသက် (၇၇) နှစ်အရွယ် နည်းပြဟောင်းကြီးဟာ လက်ရှိအချိန်အထိ မန်ယူအသင်းရဲ့ ပွဲစဉ်တွေကို မလွတ်တမ်း လာကြည့်နေဆဲဖြစ်ပြီး ဆိုးလ်ရှားကို အကြံဥာဏ်တွေ မကြာခဏပေးနေတတ်သူပါ။

မန်ယူအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် (၉) ပွဲမှာ ရှုံးပွဲမရှိသေးပဲ (၈) ပွဲနိုင် (၁) ပွဲသရေ ရလဒ် ရရှိခဲ့တဲ့ ဆိုးလ်ရှားရဲ့ အနောက်မှာ မန်ယူရဲ့ သြဇာရှိနည်းပြဟောင်းကြီး ဖာဂူဆန် ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပြီး ဖာဂူဆန်ဟာ ဆိုးလ်ရှားတစ်ယောက် အမြဲတမ်းနည်းပြရာထူးကို ရအောင်ကူညီပေးလိမ့်မယ်လို့ ရေးသားနေကြပါတယ်။

REX

“သူ (ဖာဂူဆန်)ရဲ့ အခန်းကဏ္ဍဟာ မန်ယူအသင်းအတွက် အခုအချိန်အထိ အရေးပါနေဆဲပါ။ သူက အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို မကြာခဏရောက်လာတတ်ပြီး ကျွန်တော်ကလည်း ပွဲပြီးတိုင်းမှာ သူ့အိမ်ကို အလည်သွားလေ့ရှိပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ဆီကိုနေ့တိုင်းဖုန်းမဆက်နိုင်၊ စကားမပြောနိုင်ပေမယ့် တစ်ပတ်ကို တစ်ခါလောက်တော့ အသင်းနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေကို သူ့အိမ်မှာ ပြုလုပ်လေ့ရှိပါတယ်” လို့ ဆိုးလ်ရှားက ဆိုပါတယ်။

မန်ယူအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်ပြီးရင် PSG အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

AP

Linn

Source : TheSun

READ  ချယ်လ်ဆီးရဲ့ စံချိန်တင် ဂိုးသမားလေး ကီပါ နဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့အချက် (၅) ချက်