မန်ယူနည်းပြရာထူးကို လက်ခံရယူထားတဲ့ နည်းပြ ဆိုးလ်ရှားဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ VVIP အတွက် အထူးသတ်မှတ်ထားတဲ့ နည်းပြကြီးဖာဂူဆန်ရဲ့ကားရပ်နားရာ နေရာကို လွှဲပြောင်းရယူဖို့ ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

ဆိုးလ်ရှားက ဒီလိုအခွင့်ထူးကို ငြင်းပယ်ရခြင်းမှာ အဲဒီကားရပ်နားရန်နေရာကို မန်ယူရဲ့ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က အခုအချိန်ထိ သက်ဆိုင်နေဆဲဖြစ်ကြောင်း ယုံကြည်တဲ့အတွက်၊ ငြင်းပယ်ရခြင်း ဖြစ်တယ်လို့ သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Pinterest

နည်းပြဆိုးလ်ရှားက သူများတွေလို အုတ်ရောရော ကားပါကင်မှာ ရပ်နားနေရတာမျိုးက သူ့အတွက် ဖိအားမရှိကြောင်း၊ သူ့အနေနဲ့က ဘယ်လိုနေရာမှာ ကားရပ်ရပါစေ အဆင်ပြေကြောင်း ဆိုပါတယ်။ သူက လေ့ကျင့်ရေးကွင်း ဝန်ထမ်းတွေက ဖာဂီယခင်က ကားရပ်ခဲ့တဲ့နေရာမှာ ကားရပ်ဖို့ ပြောတော့-

“ ဒီနေရာကို ကားရပ်သင့်တယ်လို့ ကျွန်တော်က မခံစားမိဘူး … မခံစားဝံ့ဘူးပေါ့ဗျာ .. ဒီနေရာကို ဖာဂီက ပိုင်နေပါသေးတယ် … ”လို့ ပြောပါတယ်။ ဆိုးလ်ရှားဟာ လက်ရှိအချိန်ထိလည်း နည်းပြဖာဂူဆန်ဆီကို အမြဲလိုလို သွားရောက်လည်ပတ်ပြီး၊ အသင်းအတွက် လိုအပ်တဲ့ အကြံဉာဏ်တွေ ရယူနေသူလို့ သိရပါတယ်။

 

နတ်စည်တော် (SportAhtar)

Source : thesun.co.uk

READ  လီဗာပူးလ်အသင်းဆီပဲ ပြောင်းချင်တယ်လို့ ရင်ဖွင့်လိုက်တဲ့ ရာဘီယော့