လီဗာပူးအသင်းဟာ မေလ(၁၂)ရက်နေ့ ည (၈.၃၀)မှာ ယခုနှစ်ရာသီရဲ့ ပရီးမီယားလိဂ်ပွဲစဉ်ကို နောက်ဆုံးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ဝုဗ်အသင်းကို ဧည့်ခံကစားရမှာဖြစ်ပြီး၊ လက်မှတ်ဈေးနှုန်းကလည်း ပေါင် (၆,၀၀၀)အထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

တကယ်တော့ လီဗာပူးအသင်းရဲ့ တရားဝင်အမြင့်ဆုံး လက်မှတ်ဈေးနှုန်းမှာ (၅၉)ပေါင်သာ ဖြစ်ပြီး၊ အခု အွန်လိုင်းပေါ်မှာတော့ လက်မှတ်မှောင်ခိုဈေးနှုန်းမှာ ပေါင် (၆,၀၀၀)အထိ မြင့်တက်နေတာကြောင့်၊ အတော်လေး အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

(AP Photo/Rui Vieira)

လီဗာပူးအသင်းပရိသတ်တွေဟာ ဝုဗ်အသင်းနဲ့ကစားရမယ့် နောက်ဆုံးပရီးမီယားလိဂ်ပွဲစဉ်မှာ အသင်းနဲ့အတူ (၂၉)နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံဆုကြီးကို ရယူအောင်ပွဲခံနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ မေ(၁၂)ရက်နေ့မှာ ချန်ပီယံလုဘက် မန်စီးတီးအသင်းက ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Livefootballtickets.com မှာတော့ တစ်ချို့သော လက်မှတ်ဈေးနှုန်းတွေဟာ ပေါင် (၅,၉၅၀)ဖြစ်ပြီး၊ အချိုသာဆုံးဈေးနှုန်းကတော့ ပေါင် (၆၀၀)အထိ ရှိတယ်လို့ သိရပါတယ်။ ဒီလက်မှတ်ဈေးနှုန်းတွေနဲ့ပတ်သက်ပြီး လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေကို မလွတ်တမ်းကြည့်နေကြသူတွေအဖို့ အလွန်နစ်နာမှုတွေဖြစ်စေပြီး စောဒကတက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

(AP Photo/Rui Vieira)

မန်စီးတီးအသင်းကတော့ ဧပြီ (၂၀)မှာ စပါးနဲ့ အိမ်ကွင်း၊ ဧပြီ(၂၅)ရက်မှာ မန်ယူအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ဒီပွဲတွေမှာ မန်စီးတီးတို့ အမှတ်ဆုံးရှုံးနိုင်ကြောင်း ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ဖွင့်ဟခဲ့ပါတယ်။ လီဗာပူးကတော့ လက်ကျန်ပွဲစဉ်တွေမှာ မန်စီးတီးထက်စာရင် ပွဲပိုချောင်နေတာကို တွေ့ရပါတယ်။

 

နတ်စည်တော် (SportAhtar)

Source : thesun.co.uk

READ  ပရိသတ်တွေ ချီးကျူးခဲ့ကြတဲ့ အဲရစ်ဆင် ရဲ့ စကေးကြမ်းတဲ့သွင်းဂိုးတစ်ဂိုး