ချယ်လ်ဆီးအသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ အီဒင်ဟာဇက်က “We are Chelsea, we can beat anyone”ဆိုပြီး ကြုံးဝါးလိုက်ပါတယ်။ ယနေ့ညမှာ ပရီးမီယားလိဂ်ရဲ့ အရေးပါဆုံးပွဲစဉ်ကို လီဗာပူးအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ လွန်ခဲ့တဲ့ (၂၀၁၄)ခုနှစ်တုန်းက လီဗာပူးတို့ ချန်ပီယံလမ်းကြောင်းကနေ သွေဖယ်ခဲ့ရတဲ့ ပွဲမှာ ချယ်လ်ဆီးက (၀-၂)ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ထိုစဉ်တုန်းက ပထမဦးဆောင်ဂိုးဟာ အသင်းခေါင်းဆောင် စတီဗင်ဂျာရက် ဘောလုံးကို လက်ခံမယူနိုင်ခင်မှာပင် ချော်လဲသွားခဲ့တာကို ချယ်လ်ဆီးတိုက်စစ်မှူး ဒမ်ဘာဘာက အခွင့်အရေးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအနိုင်ဂိုးကိုတော့ ဝီလီယန်က ပွဲပြီးဖို့နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အခုပွဲမှာလည်း ချယ်လ်ဆီးဟာ ရလဒ်ကောင်းဖို့ မျှော်မှန်းထားပြီး၊ ဒီအတွက်လည်း ချယ်လ်ဆီးအသင်းသားတွေက အပြည့်အဝ ယုံကြည်နေကြတယ်လို့ ဟာဇက်က ပြောပါတယ်။ ဟာဇက်က “ကျွန်တော်တို့က ချယ်လ်ဆီးစစ်စစ်တွေပါ … ဘယ်အသင်းကိုပဲဖြစ်ဖြစ် အနိုင်ကစားနိုင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

AP Photo/Alastair Grant

သူက ဆက်လက်ပြီး “ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာပါဘဲ … ကျွန်တော်တို့ စိတ်ထဲမှာ ဆန္ဒရှိတယ်ဆိုရင် ဖြစ်အောင် လုပ်နိုင်ပါတယ် … ကျွန်တော်တို့ ချန်ပီယံလိဂ်အတွက် အရည်အချင်းပြည့်မီသလို၊ အဆင့်(၄)ဝင်ဖို့နဲ့ ယူရိုပါလိဂ်ဗိုလ်စွဲဖို့ အရည်အချင်းတွေ ပြည့်မီပါတယ် ”လို့ ပြောခဲ့တာပါ။

 

လင်းသူရိန် (SportAhtar)

Source : marca.com

READ  ဒီရာသီမှာ ချယ်လ်ဆီးက မထွက်ခွာနိုင်တော့ဘူးလို့ ၀န်ခံလိုက်တဲ့ ဟာဇက်