လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံ ကစားသမား ရောဘတ်ဆန်က ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုဟာ အသင်းရဲ့ မရှိမဖြစ် ကစားသမားဖြစ်ပြီး ဘန်လေလို အသင်းကို (၃-၀)ရလဒ်နဲ့ အနိုင်ရခဲ့တာလည်း ဖာမီနိုရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ ကြိုးစားမှုတွေကြောင့် ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ် ဖာမီနိုဟာ ဘန်လေ(၀-၃)လီဗာပူလ်းပွဲမှာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပရီးမီယားလိဂ်ရဲ့ ပထမဦးဆုံး ဂိုး(၅၀)ပြည့်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် ရောဘတ်ဆန်က ဖာမီနိုရဲ့ အရည်အချင်း အစစ်အမှန်ဟာ ဂိုးသွင်းကောင်းတာ မဟုတ်ကြောင်း၊ ရှေ့တန်းကစားသမား ဖြစ်နေပေမယ့်  နောက်တန်းကစားသမား တစ်ယောက်လို စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။

 

“ ဖာမီနိုလို လုပ်အားနှုန်းမျိုး၊ နည်းစနစ်ပိုင်း ကြွယ်ဝမှုမျိုး၊ ဂိုးသွင်းစွမ်းရည်မျိုး၊ နေရာစုံ ကစားနိုင်စွမ်းမျိုး ရှိတဲ့ ကစားသမား နောက်ထပ်တစ်ယောက် ကျွန်တော် မတွေ့ဖူးသေးပါဘူး”

“ လူတွေကတော့ ဖာမီနိုထက် ပိုကောင်းတဲ့ တိုက်စစ်မှူးတွေ အများကြီး ရှိတယ်လို့ ပြောကြမှာပါ။ ဒါပေမယ့် သူ့ ရဲ့ စွမ်းဆာင်ရည်ကို ကျွန်တော်တို့ လိုအပ်ပါတယ်။ သူသာ မရှိရင် ကျွန်တော်တို့ ရုန်းကန်ရမှာပါ။ သူဟာ ကမ္ဘာ့ အဆင့်ကစားသမားပါ။”

LiverpoolFC.Com

“နည်းပြ ခိုင်းသမျှ ဘာတစ်ခုမှ မငြင်းပဲ လုပ်ပေးနိုင်စွမ်းရှိတာက ဖာမီနိုရဲ့ အရမ်းလေးစားဖို့ကောင်းတဲ့ အချက်ပါ။ သူဟာ အသင်းရဲ့ ပထမဆုံး ခံစစ်မှူးဖြစ်ပြီး ဘယ်သူမှာ သူ့လို ခံစစ်ကော တိုက်စစ်ပါ ကစားနိုင်စွမ်းရှိသူကို မ မြင်တွေ့ခဲ့ဖူးပါဘူး”

“ သူဟာ တစ်ဖက်အသင်းရဲ့ ခံစစ်မှူးတွေကို တောက်လျှောက်ဖိအားပေးတယ်။ ကွင်းလယ်အထိ ဘောလုံးကို ဆင်းပြီး ရအောင်ယူတယ်။ ပြီးရင်အခြေနေ ကြည့်ပြီး ဂိုးဖန်တီးပေးတာရှိသလို ဂိုးသွင်းနိုင်ခဲ့တာတွေလည်း ရှိတယ်။ သူ့လောက် လုပ်အားနှုန်းကောင်းတဲ့ ကစားသမား ကျွန်တော်မမြင်ခဲ့ဖူးပါဘူး” ဆိုပြီး ရောဘတ်ဆန်က ဖွင့်ဟသွားခဲ့တာပါ။

Finn

READ  ကိုစီယယ်နီအထွက်၊ဆာလီဘာအ၀င်ဖြစ်လာမယ့် အာဆင်နယ်ရဲ့ခံစစ်ပိုင်းအပြောင်းအလဲ