မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ပွဲမှာ တဖက်ကို (၂)ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ကွာဒရာဒိုနဲ့ မာတွီဒီတို့က ဦးဆောင်ဂိုးတွေသွင်းခဲ့ပေမဲ့ အက်သလက်တီကို နောက်ခံလူတွေဖြစ်တဲ့ ဆာဗစ်နဲ့ ဟာရဲရားတို့က ချေပဂိုးတွေကို နောက်ကလိုက်သွင်းခဲ့လို့ သရေကျခဲ့တာပါ။

(AP Photo/Manu Fernandez)

အက်သလက်တီကိုအသင်းက ဟာရဲရားရဲ့ ချေပဂိုးသွင်းအပြီး နာကျင်အချိန်ပိုမှာ ဂျူဗင်တပ်စ်အသင်းက အနိုင်ရဖို့ အခွင့်အရေးတခုရခဲ့ပေမဲ့ လွဲချော်ခဲ့ရပါတယ်။ အဲဒါကတော့ တိုက်စစ်မှူး ရော်နယ်လ်ဒိုရဲ့ တကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်မှုဖြစ်ပြီး ကန်ချက်က ဂိုးပေါက်နဲ့လွဲသွားခဲ့တာပါ။

(AP Photo/Manu Fernandez)

အက်သလက်တီကို နောက်ခံလူ (၄)ယောက်လောက်ကို ကျော်ဖြတ်ပြီး ဂိုးဧရိယာထဲမှာ အပိုင်ကန်ခွင့်ရခဲ့ပေမဲ့ ကန်ချက်က ဂိုးသမား အော့ဘလက်ရဲ့ ဘယ်ဘက်က ကပ်ထွက်သွားတာကြောင့် ဂျူဗင်တပ်စ်တို့ အနိုင်ဂိုးမရခဲ့တာဖြစ်ပြီး ဒီဂိုးသာဝင်ခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ပွဲစဉ်(၁)ရဲ့ အကောင်းဆုံးသွင်းဂိုးစာရင်းထဲ ဝင်လာနိုင်မှာဖြစ်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

 

Ko Puccy
Source: Sportbible

READ  ဒေါသထွက်နေတဲ့ပရိသတ်တွေရဲ့ အသင်းကထွက်သွားခိုင်းတာကိုခံလိုက်ရတဲ့ ပေါ့ဘာ