ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ဂန္တ၀င်ကစားသမားဟောင်း ဆလီဟာမစ်ဇစ်ဟာ အသင်း ရဲ့ အပြောင်းအရွှေ့ ပေါ်လစီကို ဝေဖန်ခဲ့တဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ကိုယ့်အလုပ်ကိုယ် စိတ်မ၀င်စားသူ တစ်ဦးဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။

ရာသီကြိုကာလက ဒေါ့မွန်အသင်းကို (၂-၀)ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ စူပါဖလားပွဲအပြီးမှာ လီဝန်ဒေါစကီးက ဘိုင်ယန်  မြူးနစ်အသင်းဟာ အသင်းကို ချက်ချင်းလက်ငင်း အကျိုးပြုမယ့် ၀ါရင့်ကစားသမားတွေ ခေါ်ယူဖို့ လိုအပ်နေ ကြောင်း ဝေဖန်သွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အားကစားဒါရိုက်တာ ဆလီဟာမစ်ဇစ်က ဘိုင်ယန်မြူးနစ် အသင်း ဘယ်လိုရလဒ်ပဲ ထွက်ထွက် လီဝန်ဒါစကီးကို အဲ့လိုဝေဖန်မှုမျိုး ထပ်မံမပြုလုပ်ဖို့ ပြင်းပြင်းထန်ထန် သ တိပေးသွားခဲ့ပါတယ်။

FC Bayern.Com

“ လီဝန်ဒေါစကီး အနေနဲ့ ကျွန်တော့် အလုပ်အတွက်ပဲ ဖြစ်ဖြစ်၊ စီအီးအို ရူမင်နစ်ဂီရဲ့ အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ဥက္ကဌ အူလီဟိုးနက်စ်ရဲ့ အလုပ်အတွက်ပဲဖြစ်ဖြစ် လူသိရှင်ကြား ပူပန်ပေးနေစရာ မလိုအပ်ပါဘူး။ သူ ဒီအချက် ကို နားလည်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

FC Bayern.Com

“ ကျွန်တော်တို့ဟာ လူငယ်ကစားသမားတွေကို အချိန်ပေးပြီး ပြုစုပျိုးထောင် သွားရမှာပါ။ ဘိုင်ယန်မြူးန စ်အတွက် အပြောင်းအရွှေ့ရာသီတိုင်းမှာ ပေါင်သန်းရာချီသုံးဖို့ ခက်ခဲပါတယ်။ ဒါကြောင့်မို့ နည်းပြကိုဗက်နဲ့ ကျွန် တော်တို့ သေချာဆွေးနွေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ ဦးတည်ချက်ထားနေပေမယ့်လည်း လူငယ်ကစားသမားတွေကို ပုံမှန်ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါ တယ်” ဆိုပြီး ဆလီဟာမစ်ဇစ်က Kicker မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

Finn

READ  မန်ယူပရိသတ်တွေ စိတ်ချမ်းသာစေမယ့် ကတိတစ်ခုကို ပေးခဲ့တဲ့ ၀မ္ဘစ္ဆာကာ