ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ကြား သဘောတူညီမှုရရှိခဲ့ပြီလို့ SkySports က ဖော်ပြတဲ့သတင်းတွေအရ သိရပါတယ်။

 

အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းကို (၁)နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားမှာဖြစ်ပြီး အင်တာမီလန် အသင်းဟာ ဆန်းချက်ဇ်ရဲ့ တနှစ်လစာ ပေါင်(၂၁)သန်းထဲကမှ ပေါင် (၄.၅)သန်းကို သာပေးချေသွားရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အငှားစာချုပ်ထဲမှာ အပြီးသတ်ဝယ်ယူဖို့အတွက် သဘောတူညီချက် တစုံတရာ မပါဝင်ဘူးလို့လည်း သိရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အငှားစာချုပ်သက်တမ်းကုန်ခဲ့ရင် အင်တာမီလန်အနေနဲ့ ပေါင်သန်း(၂၀)နဲ့ အပြီးသတ်ခေါ်ယူနိုင်တဲ့ အချက်ကို ထည့်သွင်းချင်ခဲ့ပေမဲ့လည်း အင်တာမီလန်အသင်းက ဆန်းချက်ဇ်ကို တပတ်လုပ်ခ ပေါင်(၁)သိန်းခွဲထက် ပိုပေးနိုင်ခြင်းမရှိတာကြောင့် ဒီအ ချက်မပါဝင်ခဲ့တာဖြစ်နိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက ရေးသားခဲ့ကြပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူနိုက်တက်အသင်းမှာ တပတ်လုပ်ခ ပေါင် (၅)သိန်းခွဲလောက် ရရှိနေသူလည်း ဖြစ်ပါတယ်။

ဆန်းချက်ဇ်ဟာ မီလန်မြို့ကို ဒီနေ့ပဲသွားရောက်ပြီး ဆေးစစ်မှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ကို အငှားချလိုက်တာ ကြောင့် မန်ယူနိုက်တက်ရဲ့ တိုက်စစ်မှူးအဖြစ် မာစီရယ်လ်၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ (၃)ဦးသာ ရှိတော့ပြီး လာမဲ့ဆောက်သမ်တန်နဲ့ပွဲမှာလည်း မာစီရယ်လ် ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သတင်းတွေထွက်နေပါတယ်။

Ko Puccy
Source: Sky Sports; Goal

READ  ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းအားနည်းမှုတွေနဲ့ အိမ်ကွင်းမှာဂိုးပြတ်ရှုံးခဲ့ရတဲ့ မန်ယူ