ဒီရာသီအတွက် ပထမဆုံး El Clasico ပွဲစဉ်ကို လာမဲ့အောက်တိုဘာလ (၂၆)နေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းမှာ ကစားမှာဖြစ်တယ်လို့သိရပါတယ်။ ပွဲချိန်ကတော့ ဗြိတိန်စံတော်ချိန် နေ့လည် (၁၂)နာရီဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ ညနေ (၆/၇)နာရီမှာ ဖြစ်မယ်လို့ သိရပါတယ်။ ဒုတိယအကျော့ပွဲစဉ်ကျင်းပမဲ့နေ့ကိုတော့ အတိအကျ ကြေညာခြင်းမရှိသေးပေမဲ့ ဧပြီလ (၂၉)ရက်နဲ့ မေလ(၁)ရက်ကြားဖြစ်မယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ အိန်ဂျယ်ဂိုးမက်ဇ်က အသင်းမှာ ပုံမှန်နေရာရအောင်ကြိုးစားသွားမှာဖြစ်ကြောင်းနဲ့ လူငယ်ကစားသမားလို့ သတ်မှတ်နေမှုတွေကို ရပ်တန့်အောင် လုပ်သွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဂိုးမက်ဇ်က သူ့အနေနဲ့ မန်ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ကစားသမားဖြစ်ခွင့်ရဖို့က ငယ်ငယ်ထဲက အိပ်မက်ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

လီဗာပူးလ်ဂိုးသမား အယ်လီဆန်ဟာ မကြာခင်ဘောလုံးပြန်ကစားနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အယ်လီဆန်ဟာ လက်ရှိမှာ အပေါ့စားလေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နိုင်နေပြီ ဖြစ်တယ်လို့သိရပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်ကစားနိုင်မယ်လို့ မူလကခန့်မှန်းထားတာဖြစ်ပါတယ်။

(AP Photo/Dave Thompson)

ဆဲလ်ဘတ်အသင်းရဲ့ နော်ဝေလူငယ်တိုက်စစ်မှူး အာလင်ဟာလန်းက မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကို ချီးကျူးလိုက်တယ်လို့ သိရပါတယ်။ ဟာလန်းဟာ ဆိုးလ်ရှားရဲ့ လက်အောက်မှာကစားခဲ့ဖူးသူဖြစ်ပြီး သူ့ကို မန်ချက်စတာယူနိုက်တက်အသင်းကို ခေါ်ယူဖို့ သတင်းတွေထွက်နေချိန်မှာ အခုလို ချီးကျူးလိုက်တာဖြစ်ပါတယ်။

ဘာစီလိုနာခံစစ်မှူး ပီကေးက ရာသီအစရလဒ်တွေဆိုးရွားနေတဲ့အပေါ် ရာသီကြိုခရီးစဉ်တွေကြောင့်ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ ပီကေးက ဘာစီလိုနာအသင်းအနေနဲ့ ရာသီကြိုမှာ ခြေစွမ်းပွဲကစားချိန်ထက် ခရီးသွားချိန်က ပိုများနေတာကြောင့် အသင်းအနေနဲ့ အထနှေးခဲ့ရတယ်လို့ ပြောခဲ့တာပါ။

(AP Photo/Carlos Osorio)

အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်ဟာ သူ့ရဲ့ MLS အသင်းသစ် Inter Miami အသင်းရဲ့ နည်းပြနေရာအတွက် ရီးရဲလ်နည်းပြဟောင်း ဆန်တီယာဂိုဆိုလာရီကို ကမ်းလှမ်းဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ ဆိုလာရီနဲ့ ဘက်ခမ်တို့ဟာ ရီးရဲလ်အသင်းမှာ ၂၀၀၃ ကနေ ၂၀၀၅ ခုနှစ်အတွင်း အတူတွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေလည်း ဖြစ်ပါတယ်။

မနေ့ညက ဗီလာရီးရဲလ်နဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ လာမဲ့ ဂီတာဖေးနဲ့ပွဲကို လွဲချော်ဖွယ်ရှိတယ်လို့ သိရပါတယ်။ မက်ဆီဟာ တံကောက်ကြောဒဏ်ရာကြောင့် ဗီလာရီးရဲလ်နဲ့ပွဲ ပထမပိုင်းအပြီးမှာတင် လူစားလဲခဲ့ရသူပါ။

လက်စတာအသင်းရဲ့ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့်  လာမဲ့နယူးကာဆယ်နဲ့ပွဲကို လွဲချော်ဖို့ များနေတယ်လို့ သိရပါတယ်။ မက်ဒီဆင်ဟာ အဲဒီဒဏ်ရာကို စပါးကို အနိုင်ရခဲ့တဲ့ပွဲမှာရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

realoladele/twitter

Ko Puccy

READ  ဥရောပအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့ရဲ့ နောက်ဆုံးရသတင်းတွေ