မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ စပါးနဲ့ ဘိုင်ယန်မြူးနစ်ပွဲစဉ်မှာ ဧည့်သည် ဘိုင်ယန်အသင်းက အိမ်ရှင်အသင်းကို (၇-၂)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းက ဂျာမနီကစားသမား ဆာ့ခ်ျဂနာဘရီက တဦးတည်း (၄)ဂိုးသွင်းယူခဲ့ပါတယ်။ ဒီလို ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်္ဂလန်ကလပ်အသင်းတွေကို တဦးတည်း (၄)ဂိုးသွင်းနိုင်ခဲ့တာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီပြီးရင် ဂနာဘရီက ဒုတိယကစားသမား ဖြစ်လာခဲ့ပါပြီ။

ဂနာဘရီဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို လန်ဒန်မြို့ခံကလပ် အာဆင်နယ်အသင်းမှာစတင်ခဲ့တာဖြစ်ပြီး အခုလို ခါးသီးတဲ့လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းဘက်ကို (၄)ဂိုး သွင်းပေးခဲ့လို့ အာဆင်နယ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို လက်ခံရရှိနေပါတယ်။ ဒါကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ Official Twitter အကောင့်ကတောင် အာဆင်နယ်ပရိသတ်တွေရဲ့ notification တွေ အများကြီးရခဲ့လို့ ကျေးဇူးပါဆိုပြီးတောင် နောက်ပြောင်ခဲ့ပါသေးတယ်။
So nice to be back in North London with loads of Arsenal fans in our notifications 🙃 pic.twitter.com/OfmhcnNhzY
— FC Bayern English (@FCBayernEN) October 1, 2019
ဒါ့အပြင် ဂနာဘရီကိုယ်တိုင်ကလည်း အာဆင်နယ်ပရိသတ်တွေ သူ့ကို လွမ်းနေအောင်လုပ်လိုက်ပြန်ပါသေးတယ်။ သူ့ရဲ့ Twitter နဲ့ Instagram အကောင့်တွေမှာ ‘North London is RED’ ဆိုပြီး ပုံတွေတင်ခဲ့တာဖြစ်ပြီး ဒါဟာ အာဆင်နယ်အသင်းကို တမျိုးတဖုံရည်ညွှန်းတာဖြစ်နိုင်တယ်လို့ အာဆင်နယ်ပရိသတ်တွေက ယုံကြည်နေကြပါတယ်။
North London is RED!!! pic.twitter.com/1Te5YjqpWo
— Serge Gnabry (@SergeGnabry) October 1, 2019
ဂနာဘရီဟာ အာဆင်နယ်အသင်းမှာ ၂၀၁၂ ကနေ ၂၀၁၆ အတွင်း (၄)ရာသီကြာရှိနေခဲ့ပေမဲ့ ပွဲပေါင်း (၁၈)ပွဲပဲ ကစားခဲ့ရတာပါ။ စတုဂတ်အသင်းကနေ ပေါင် (၁)သိန်းခေါ်ယူခဲ့တဲ့ ဂနာဘရီကို အာဆင်နယ်အသင်းဟာ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ဝါဒါဘရီမင်အသင်းကို ပေါင် (၅)သန်းနဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်။ အာဆင်နယ်မှာရှိစဉ်က ဝက်စ်ဘရွန်းကို အငှားနဲ့သွားကစားခဲ့ဖူးပြီး အဲဒီတုန်းက ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်ရဲ့ အသင်းမှာကစားဖို့ အဆင့်မမှီသေးဘူးဆိုတဲ့ မှတ်ချက်ကိုရခဲ့တဲ့ ဂနာဘရီဟာ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီအသင်းတို့ရဲ့ အားထားရတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနေပြီပဲ ဖြစ်ပါတယ်။
Gnabry doing it for the Arsenal 👨🏽🍳 pic.twitter.com/Yyz5tpPduL
— Dylan Walsh (@dylanwalsh_) October 1, 2019
Ko Puccy
Source: Twitter, Sportbible