ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို ဟာ မနေ့ညက ကစားခဲ့တဲ့ ဆက်ဆူအိုလို အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းပြီးတဲ့နောက် သူ့ရဲ့အောင်ပွဲခံပုံအသစ်ကို ပရိသတ်တွေသိအောင် ပြသလိုက်ပါတယ်။

လေပေါ်မှာနောက်ပြန်ခုန်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းထားတဲ့ ရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံဟာ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အဲဒီအောင်ပွဲခံပုံကို ရော်နယ်ဒိုက အပြောင်းအလဲ ပြုလုပ်သွားခဲ့ပါတယ်။

လေပေါ်မှာနောက်ပြန်ခုန်ပြီးနောက် ပြန်ကျလာတဲ့အချိန်မှာ အသင်းဖော်ဒိုင်ဘာလာ ပြုလုပ်လေ့ရှိတဲ့ အောင်ပွဲခံပုံစံအတိုင်း မျက်နှာဖုံးပုံစံ လုပ်ပြသွားခဲ့တာပါ။

EPA

ဒီလို အောင်ပွဲခံမှုမျိုးက ဒိုင်ဘာလာ တစ်ယောက်တည်းသာ ပြုလုပ်လေ့ရှိပြီး ပွဲအပြီးအင်တာဗျူးမှာ အရန်ခုံမှာထိုင်နေရတဲ့ ဒိုင်ဘာလာအတွက် ရည်ရွယ်တဲ့အောင်ပွဲခံမှုပုံစံ ဖြစ်တယ်လို့ ရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။

ရာသီအစပိုင်းမှာ ရော်နယ်ဒိုနဲ့အတူ တွဲဖက်လို့ ပွဲထွက်ခွင့်ရခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ အရန်ခုံကိုရောက်နေရတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒိုင်ဘာလာအတွက် ရော်နယ်ဒိုဟာ သူ့ရဲ့အောင်ပွဲခံ ပုံစံကို ပြောင်းလဲလိုက်တာပါ။

UEFA

အောင်ပွဲခံပြီးတဲ့နောက် ရော်နယ်ဒိုက အရန်ခုံမှာ ထိုင်နေတဲ့ ဒိုင်ဘာလာဆီကို လက်ညှိုးထိုးပြခဲ့ပြီး သူ့အတွက် အောင်ပွဲခံပေးခဲ့တယ်ဆိုတာကို သိစေခဲ့ပါတယ်။

ရော်နယ်ဒို ဟာ အဲဒီပွဲစဉ်မှာ အသင်းဖော်တွေအတွက် သွင်းဂိုးတစ်ဂိုး ဖန်တီးပေးခဲ့သလို ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူသွားခဲ့တာကြောင့် သူ့ရဲ့စီးရီးအေသွင်းဂိုးဟာ (၁၈) ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

Linn

Source : Dailymail , Twitter

READ  သရေတစ်မှတ်အတွက် အောင်ပွဲခံရာကနေ လက်ကျိုးသွားခဲ့တဲ့ ရိုးမားနည်းပြ