ဂျူဗင်တပ်စ်အသင်းနဲ့အတူ ဆေးစစ်မှုခံယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဆေးစစ်မှုအဖြေကတော့ တကယ့်ကိုပဲ မယုံကြည်ချင်စရာကောင်းခဲ့ပါတယ်။ ဆေးစစ်မှု ရလဒ်အရ ရော်နယ်ဒိုရဲ့ ကိုယ်တွင်း အဆီဓာတ်ဟာ (၇) ရာခိုင်နှုန်းပဲ ရှိနေပြီး သူ့ရဲ့ကြွက်သားထုထည်က (၅၀) ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက် ဒီဆေးစစ်ချက်အဖြေဟာ အံ့သြစရာပါပဲ။ ဘာလို့လဲဆိုတော့ ဒီအနေအထားမျိုးဟာ အသက် (၂၀)အရွယ် လူငယ်တစ်ဦးမှာတောင်မှ တွေ့ဖို့ မလွယ်ကူတဲ့အနေအထားဖြစ်ပြီး ရော်နယ်ဒိုအနေနဲ့ အသက် (၂၀)အရွယ် လူငယ်တစ်ဦးရဲ့ကြံ့ခိုင်မှုအနေအထားထက်ပိုတဲ့ အခြေအနေမျိုးကို ပိုင်ဆိုင်နေတာလည်း ဖြစ်ပါတယ်။

Twitter

ပေါ်တူဂီအသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ အမြန်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး သူ့ရဲ့ပြေးနှုန်းက ၃၃.၉၈ ကီလိုမီတာအထိ ရှိခဲ့ပါတယ်။

ဥရောပလိဂ်တွေမှာ လက်ရှိကစားနေကြတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပျမ်းမျှအဆီထုက (၁၀) ရာခိုင်နှုန်းကနေ (၁၁) ရာခိုင်နှုန်းအထိ ရှိနေခဲ့ကြပြီး ရော်နယ်ဒိုက သူတို့ထက် လျော့နည်းတဲ့ အဆီထုကို ပိုင်ဆိုင်ထားတာပါ။

ကြွက်သားပိုင်းဆိုင်ရာမှာဆိုရင်လည်း ပရော်ဖက်ရှင်နယ်ကစားသမားတွေက ပုံမှန်အားဖြင့် ပျမ်းမျှ (၄၆) ရာခိုင်နှုန်းသာ ရှိကြပေမယ့် ရော်နယ်ဒိုကတော့ ဒီအသက်အရွယ်ရောက်နေတာတောင် (၅၀) ရာခိုင်နှုန်းအထိ ရှိနေနိုင်ခဲ့တာပါ။

Marca

မီဒီယာတွေကတော့ ရော်နယ်ဒိုရဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်း အစီအစဉ်တွေက သူ့ကို ဒီလောက်အထိ အထောက်အပံ့ပေးနိုင်ခဲ့တာဖြစ်တယ်လို့ ရေးသားခဲ့ကြတာပါ။ ရော်နယ်ဒိုဟာ တစ်နေ့မှာ လေ့ကျင့်ခန်းအစီအစဉ်တွေအတွက် (၃) နာရီကနေ (၄)နာရီ အထိ အချိန်ပေးလေ့ရှိပြီး တစ်ပတ်ကို (၅) ရက် ပုံမှန်ပြုလုပ်သူဖြစ်ပါတယ်။ သူအနားယူတဲ့ရက်တွေက စနေနေ့နဲ့ တနင်္လာနေ့တွေမှာဖြစ်ပြီး သူက တစ်ညကို အနည်းဆုံး အိပ်ချိန် (၈)နာရီအထိ ပုံမှန်အိပ်လေ့ရှိပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုက အစားအသောက်နဲ့ ပတ်သက်လို့လည်း အလိုလိုက်သူတစ်ယောက်မဟုတ်ပဲ အဆီများတဲ့ အစားအစာကို လုံးဝမစားသောက်ပဲ နေနိုင်ခဲ့သူပါ။ သူ့ရဲ့အစားအသောက်ပုံစံကို ဖော်ပြရမယ်ဆိုရင် –

မနက်စာ –       ဂျုံနဲ့လုပ်ထားတဲ့ စီရီယယ်၊ ကြက်ဥပြုတ်၊ သစ်သီးဖျော်ရည်

နေ့လည်စာ –    ပါစတာ၊ အသီးအရွက်၊ အာလူး၊ ကြက်သားပြုတ်နဲ့အရွက်သုပ်

အဆာပြေ –      တူနာငါးအသားလိတ်၊ သစ်သီးဖျော်ရည်

ညစာ –           ထမင်းဖြူ၊ ကြက်သား (သို့မဟုတ်) ကြက်ဆင်သား၊ ပဲ ၊ အသီးအနှံများ

စတာတွေပဲဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့ နေထိုင်စားသောက်မှုပုံစံတွေက သူ့ကို ဒီလောက်အထိ နုပျို ကြံ့ခိုင်နေအောင် ပံ့ပိုးပေးထားခဲ့တာဖြစ်ပြီး တခြား ဘယ်ကစားသမားဆီမှာမှ ဒီလို နေထိုင်မှုပုံစံမျိုး တွေ့ရမယ် မထင်ပါဘူး။

Linn

Source : borntoworkout , unilad

READ  မန်ယူကို ဒိုင်ဘာလာ တကယ်ရောက်လာမှာလား….