ဂျူဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒိုကတော့ မနေ့ညက ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ ပွဲစဉ်မှာ ရိုးမားအသင်း ကစားသမားတွေနဲ့ တင်းမာမှုတွေ ဆက်တိုက်ဆိုသလိုပဲ ဖြစ်ပွားခဲ့ရသူပါ။ ရိုးမားက ဂျူဗင်တပ်စ်ကို နောက်ကျအနိုင်ဂိုးတွေနဲ့အတူ (၂-၀)နဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ရော်နယ်ဒိုတစ်ယောက် သိသိသာသာ ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပဲ ရိုးမားကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

SkySport

ပွဲချိန် (၅၈)မိနစ်မှာတော့ ရော်နယ်ဒိုနဲ့ ရိုးမားနောက်ခံလူတွေကြား အချင်းများခဲ့ကြပြီး ရိုးမားနောက်ခံလူတွေက ရော်နယ်ဒိုတစ်ယောက် ဟန်ဆောင်လှဲချတယ်လို့ စွပ်စွဲခဲ့ကြတာပါ။

ရိုးမားရဲ့ညာနောက်ခံကစားသမား ဖလော်ရန်ဇီနဲ့ ရော်နယ်ဒိုတို့ ထိပ်တိုက်တွေ့ခဲ့ကြပြီး တစ်ယောက်တစ်ခွန်း စကားများခဲ့ကြပါတယ်။ ရုပ်သံပြကွက်တွေအရတော့ ရော်နယ်ဒိုက ပြိုင်ဖက်ကစားသမားရဲ့အရပ်ကို လှောင်ပြောင်ခဲ့ပြီး “ဒီအရပ်လောက်နဲ့တက်မလာနဲ့” ဆိုတဲ့ ဒီဇိုင်းပါ။

youtube

နှစ်ဖက်အသင်းကစားသမားတွေက သူတို့ရဲ့တင်းမာမှုကြား ၀င်ရောက်ဖြန်ဖြေပေးခဲ့ပြီး ဖလော်ရန်ဇီက ရော်နယ်ဒိုရဲ့လှောင်ပြောင်မှုအတွက် တော်တော်လေး ဒေါသထွက်သွားခဲ့ရပါတယ်။

အဲဒီနောက် ပွဲချိန် (၇၉)မိနစ်မှာတော့ ရိုးမားအသင်း အဖွင့်ဂိုးရရှိသွားခဲ့ပြီး ရော်နယ်ဒို လှောင်ပြောင်ခဲ့တဲ့ ဖလော်ရန်ဇီ ကပဲ သွင်းယူပေးသွားခဲ့တာပါ။

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ ဖလော်ရန်ဇီရဲ့အရပ်ကို ရော်နယ်ဒိုလှောင်ပြောင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးက နာမည်ကြီးနေပြီး ဖလော်ရန်ဇီဟာ သွင်းဂိုးတစ်ဂိုးနဲ့ သူ့အပေါ်လှောင်ပြောင်မှုကို ချေဖျက်ပြခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

Source : Twitter

READ  ဂျူဗင်တပ်စ်ရဲ့ အရေးပါတဲ့ ပြစ်ဒဏ်ဘောတွေကို ရော်နယ်ဒို ကန်ခွင့်မရတော့ဘူး