ရော်နယ်ဒို ကို ပရိသတ်တွေ စပြီး သတိထားမိလာတာက သူ့ရဲ့လျှင်မြန်တဲ့ ခြေအနုတ်အသိမ်းတွေနဲ့ လှည့်စားမှုတွေကြောင့်ပါ။ ဒါပေမယ့် ဒီဖက်နှစ်တွေမှာတော့ ရော်နယ်ဒို တစ်ယောက် သူ့ရဲ့ပုံစံကောင်းတွေ အနည်းငယ်ပျောက်ဆုံးနေခဲ့ပြီး ဘောလုံးကို လှလှပပကစားဖို့ထက် ဂိုးရဖို့ကိုပဲ ပိုလို့ အာရုံစိုက်လာခဲ့တာကို တွေ့ရမှာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေညမှာ ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ ပွဲစဉ်မှာတော့ ရော်နယ်ဒိုရဲ့ မမြင်ရတာ ကြာပြီဖြစ်တဲ့ လှည့်စားမှုတွေကို ပြန်တွေ့ခဲ့ရပြီး ရိုးမားဂိုးဧရိယာထဲမှာ သူလုပ်သွားတဲ့ တစ်ကြိမ်က တော်တော်လေး အန္တရာယ်များခဲ့တာပါ။

AP

ရိုးမား နောက်ခံလူ (၃)ယောက်လောက်ကို လှည့်စားပြီး ထိုးပေးခဲ့တဲ့ ဘောလုံးဟာ အသင်းဖော် ဒိုင်ဘာလာ ဆီရောက်သွားခဲ့ပေမယ့် ဒိုင်ဘာလာ အသုံးမချနိုင်ခဲ့လို့သာ ဂိုးရဖို့ အခွင့်အရေး လွဲချော်သွားခဲ့တာပါ။

တွစ်တာပေါ်မှာတော့ ဒီ ဗီဒီယိုဖိုင်လေးက နာမည်ကြီးနေခဲ့ပြီး ရော်နယ်ဒိုရဲ့ မမြင်ရတာ ကြာပြီဖြစ်တဲ့ လှည့်စားမှုလေးကို ပြန်တွေ့ခဲ့ရတယ်လို့ ပရိသတ်တွေက ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။

ပရိသတ်တွေက ဘော်လ်တန်နဲ့မန်ယူပွဲတုန်းက မန်ယူအတွက် စပြီးပွဲထွက်ပေးခဲ့တဲ့ ရော်နယ်ဒိုရဲ့ခြေစွမ်းကို ပြန်သတိရမိတယ်လို့ မှတ်ချက်ပေးခဲ့ကြသလို အရင်ကလို ခြေထောက်တွေရှုပ်နေအောင် အယောင်ပြပြီး လှည့်စားမှုမျိုးမလုပ်နိုင်တာလည်းကြာခဲ့ပြီလို့ မှတ်ချက်ရေးသားခဲ့ကြပါတယ်။

Linn

Source : Twitter

READ  အီကာဒီသာ ရောက်လာခဲ့ရင်ဟာ ဂျူဗင်တပ်ဟာ ပြီးပြည့်စုံသွားမယ်လို့ ဖွင့်ဟခဲ့တဲ့ ချီလီနီ